ကန့်ဘလူမြို့နယ်၊ ရွက်ကြမ်းအုပ်စု၊ မြကန်သာကျေးရွာတွင် ပြည်သူ့စစ် သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်၊ ရွက်ကြမ်းအုပ်စု၊ မြကန်သာကျေးရွာတွင် ပြည်သူ့စစ် သင်တန်းဆင်းပွဲ ကျင်းပ








MNP ၊ ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ရွက်ကြမ်းအုပ်စု၊  မြကန်သာကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ပြည်သူ့စစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ဆရာတော်ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်) က "အနီအစိမ်းမခွဲခြားပဲ မိမိကျေးရွာ မိမိဒေသ မိမိတို့၏နိုင်ငံတော်ကို မပျက်စီးရအောင် စည်းလုံးညီညွတ်စွာဖြင့် ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်နဲ့ လူမျိုး ဘာသာ သာသနာတော်ကို စော်ကားပြီး လူသတ်အကြမ်းဖက်လုပ်နေတဲ့ လူယုတ်မာ အကြမ်းဖက်PDF ဘေးရန်း အန္တရာယ်ကင်းဝေးစေရန် ပူးပေါင်းကာကွယ်ကြရန်" သြဝါဒမိန့်ကြားခဲ့ကြောင်း သိရသည်။

ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှမြို့နယ်များတွင် ဆရာတော် ဦးဝါသဝ က လိုက်လံစည်းရုံး၍ အကြမ်းဖက် PDF ဘေးအန္တရာယ် ကာကွယ်ရေး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းလျက်ရှိရာ အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့် ကျေးရွာများက ပူးပေါင်းပါဝင်လာပြီး ပြည်သူ့စစ် အင်အားကောင်းလာသည်နှင့်အမျှ ဒေသတည်ငြိမ်အေးချမ်းလာကြောင်း သိရသည်။

ယနေ့ သင်တန်းဆင်းပွဲတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက စစ်ရေးပြအလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုဂုဏ်ပြုခြင်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်အန္တရာယ်ကာကွယ်ရေး အောင်မြင်မှု ရရှိစေရန် ရွာသူရွာသားများက အောင်သပြေကမ်း၍ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)