ယင်းမာပင်မြို့၌ ၇၅ နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယင်းမာပင်မြို့၌ ၇၅ နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

 



MNP - ဒီဇင်ဘာ  ၅


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်း သိရသည်။ 


"စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၃ ရက်နေ့မှစတင်ပြီး အမျိုးသမီး ဘောလီဘောပြိုင်ပွဲ ကျင်းပပေးပြီး ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အမျိုးသားဘော်လီဘောပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင် ကစားနေကြပါတယ်။ မီနီမာရသွန်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အပြေးပြိုင်ပွဲများ၊ အိတ်စွပ်ပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲနဲ့ အခြားအားကစားပြိုင်ပွဲများကိုလည်း သတ်မှတ်ရက်အတိုင်း ဆက်လက် ကျင်းပပေးသွားမှာဖြစ်ပါတယ်" ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းသန့်ကပြောသည်။


အဆိုပါအားကစား ပြိုင်ပွဲများတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)