ကျောင်းကုန်းမြို့၌ ဒီဇင်ဘာလ(ပဉ္စမပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့၌ ဒီဇင်ဘာလ(ပဉ္စမပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ



MNP  -  ဒီဇင်ဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဒီဇင်ဘာအားကစားလပဉ္စမပတ်)စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅:၁၅ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာ/ဆရာမများနှင့်ကျောင်းသားကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှစတင်ကာ ဆေးရုံလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ မြို့မအားကစားကွင်းသို့ တပျော်တပါးစုပေါင်းလမ်းလျှောက်ကာ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ်အတွဲ(၁)နှင့် အတွဲ(၂)ပြုလုပ်ခဲ့ကြပြီး Fitness Dance ဖြင့်ဖျော်ဖြေကပြခဲ့ကြောင်း သိရသည်။


ဝင်းကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)