(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြု သန်လျင်၌ ကျေးလက်ဖွံ့ဖြိုးရေးလမ်းသစ် ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြု သန်လျင်၌ ကျေးလက်ဖွံ့ဖြိုးရေးလမ်းသစ် ဖွင့်လှစ်



MNP -   ဒီဇင်ဘာ ၂၉

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သာယာကုန်းကျေးရွာတွင်. ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သော အောင်သိဒ္ဓိမင်္ဂလာလမ်းနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်သော မဟာသီရိလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါလမ်းမုခ်ဦး၌ ကျင်းပခဲ့သည်။


ဦးစွာ သန်လျင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်က ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ တိုးတက်စေရန် လမ်း၊ လျှပ်စစ်မီး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ဒေသထွက်ကုန်များ အချိန်မီ တင်ပို့ရောင်းချနိုင်ရေး ပညာရေး၊ ကျန်းမာရေး အစရှိသည့် လူမှုရေးကိစ္စရပ်များ အချိန်တိုအတွင်း သွားလာနိုင်ရေး လမ်းများ အဆင့်မြှင့်တင်ဖောက်လုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း ယနေ့ဖွင့်လှစ်သော လမ်းများ ရေရှည်အသုံးပြုနိုင်ရေး ကျေးရွာသူကျေးရွာသားများက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်၊ ဆက်လက်၍ သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူက ခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒေသခံပြည်သူများကိုယ်စား ရပ်မိရပ်ဖ ဦးသိန်းဟန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ထို့နောက် မင်္ဂလာအချိန်တွင် သာယာကုန်းကျေးရွာ ကွန်ကရစ်လမ်းသစ်အား  ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးကျော်သူကိုကို၊ သန်လျင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်၊ သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးချစ်ညီညီ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟန်စိန်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။ ထို့နောက် ဧည့်သည်တော်များသည် လမ်းသစ်အား ဖြတ်သန်းကြည့်ရှုကြသည်။


ယနေ့ ဖွင့်လှစ်သော သန်လျင်မြို့နယ် သာယာကုန်းကျေးရွာ  ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ဆောင်ရွက်သော အောင်သိဒ္ဓိမင်္ဂလာလမ်းမှာ အရှည်ပေ (၅၅၀) ရှိပြီး မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်သော မဟာသီရိလမ်းမှာ အရှည်ပေ (၅၈၀) ရှိပြီး ကျေးလက်နေ ပြည်သူများ ရာသီမရွေး သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)