ပြည်နယ်အဆင့် အားကစားပွဲတော်ယှဉ်ပြိုင်မည့် ကျောင်းသားအားကစားအဖွဲ့သို့ အောင်နိုင်မှုအလံပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်နယ်အဆင့် အားကစားပွဲတော်ယှဉ်ပြိုင်မည့် ကျောင်းသားအားကစားအဖွဲ့သို့ အောင်နိုင်မှုအလံပေးအပ်

 






MNP  -  ဒီဇင်ဘာ ၂၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်နယ်အဆင့် ကျောင်းသားအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြာအင်းဆိပ်ကြီးမြို့နယ် ကျောင်းသားအားကစားအဖွဲ့သို့ အောင်နိုင်မှုအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂:၀၀)နာရီအချိန်က အထကကြာအင်းဆိပ်ကြီး ပညာတန်ဆောင်ခန်းမတွင် ကျင်းပသည်။


ထိုအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြိုင်ပွဲဝင် အားကစားသမားများကို ဩဝါဒစကားမြွက်ကြွားခဲ့ပြီး ကြာအင်းဆိပ်ကြီးမြို့နယ် ကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့သို့ အောင်နိုင်မှုအလံကို ပေးအပ်သည်။


အဆိုပါ ပြည်နယ်အဆင့်ကျောင်းသားအားကစားပွဲတော်ကို ၂၇.၁၂.၂၀၂၂ ရက်နေ့မှ ၅.၁.၂၀၂၃ ရက်နေ့ထိ ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ၁၀ ရက်တာကျင်းပမည်ဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်အနေဖြင့် အသက် ၁၈ နှစ်အောက် (ကျား/မ) ဘောလုံးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲ(၄)မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)