ပေါက်ခေါင်းမြို့ အခြေခံပညာအထက်တန်းကျောင်း အထက(ကြို့ပင်ကန်)တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့ အခြေခံပညာအထက်တန်းကျောင်း အထက(ကြို့ပင်ကန်)တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ



MNP  -   ဒီဇင်ဘာ ၂၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့်ဝန်ထမ်းအဖွဲ့များသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ အထက(ကြို့ပင်ကန်)ကျောင်းခန်းမတွင် သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဦးစွာဟောပြောပွဲတွင် အထက(ကြို့ပင်ကန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်ဆွေက အဖွင့်အမှာစကားနှင့် ကျေးဇူးတင်စကားပြောကြားပြီး၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြတ်နှင်း‌အေးက မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များအကြောင်းနှင့် ပြည်ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက ငလျင်ဘေး၊ မိုးကြိုးဘေး၊ ဆူနာမီနှင့်မြေပြိုဘေးစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်တတ်သည့် အချိန်၊ နေရာဒေသအကြောင်းအရာများနှင့် ဘေးအန္တရာယ်များ ကျရောက်လာပါက ဆောင်ရန်၊ ရှောင်ရန်နှင့်သဘာဝ‌ဘေးအန္တရာယ်ကျရောက်တော့မည်ဟု ကြိုတင်သတင်းရရှိထားပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်အချက်များကို ဆွေးနွေးဟောပြောခဲ့ပြီး၊ ကျောင်းသား/ ကျောင်းသူများ ငလျင်ဘေးနှင့်မိုးကြိုးဘေးအန္တရာယ်ကြုံ‌တွေ့လာရပါက အဆောက်အဦနှင့်ကွင်းပြင်များတွင် မည်သို့နေထိုင်ရမည်ကို လက်တွေ့သရုပ်ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ပြည်ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြေပြိုခြင်း၊ ငလျင်ဘေး၊ ဆူနာမီဘေးနှင့်ဆိုင်ကလုန်းဘေး စသည့်ဘေးအန္တရာယ်များအကြောင်း အသိပညာပေးရိုက်ကူးထားသည့် ဗီဒီယိုဖိုင်အား ကျောင်းသား၊ကျောင်းသူများကိုပြသပေးခြင်း၊ လက်ကမ်းစာစောင်နှင့်ဘောပင်များဝေငှပေးခြင်းနှင့် စာသင်ကျောင်းအတွက် အ‌သိပညာပေး နံရံကပ်ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ကြောင်း သိရသည်။


သန်းထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)