ကန့်ဘလူမြို့နယ်၊ ကြိုးကြာကျေးရွာအုပ်စု ပြည်သူ့စစ်တိုးချဲ့ဖွဲ့စည်းနိုင်ရေး ဆရာတော်ဦးဝါသဝ သွားရောက်တွေ့ဆုံ ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်၊ ကြိုးကြာကျေးရွာအုပ်စု ပြည်သူ့စစ်တိုးချဲ့ဖွဲ့စည်းနိုင်ရေး ဆရာတော်ဦးဝါသဝ သွားရောက်တွေ့ဆုံ ဆွေးနွေး








MNP ၊ ဒီဇင်ဘာ ၂၁

ယနေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကြိုးကြာအုပ်စု ကြိုးကြာကျေးရွာနှင့် မင်းကုန်း(ခ)ကျေးရွာအသီးသီးတို့အား ပြည်သူ့စစ်အင်အားတိုးချဲ့ဖွဲ့စည်းနိုင်ရေး ဆရာတော်ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်) သွားရောက်တွေ့ဆုံ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆရာတော်က "ဘုန်းကြီးကတော့ ရွာတိုင်း ရွာတိုင်းမှာ PDF အကြမ်းဖက်သမားလာရင် ခုခံကာကွယ်နိုင်ဖို့ ပြည်သူ့စစ် ဖွဲ့စည်းထားနိုင်ဖို့ လိုက်လံဆော်သြပေးတာပါ။ ကြိုးကြာနဲ့ မင်းကုန်းမှာလည်း ရွာသူရွာသားတွေကို ရှင်းပြတာက PDF အကြမ်ဖးက်သမားတွေ ရက်စက်ယုတ်မာရိုင်းစိုင်းနေတဲ့ အခြေအနေ။ ဖြစ်နေတာက အဝေးကြီးမှာ မဟုတ်ဘူးလေ။ ကိုယ့်မြို့နယ်အတွင်းမှာပဲ ဟိုနေရာမှာ သတ်သွားပြန်ပြီ။ ဘယ်ရွာကိုတော့ဖြင့် PDF က မီးရှို့လိုက်ပြန်ပြီ။ တော်ကြာ သံဃာတော်တွေကို သတ်ပြန်ပြီ။ ဆရာ/ ဆရာမတွေကို သတ်ပြန်ပြီ။ ကိုယ့်ဒေသမှာပဲ ဖြစ်နေတာ။ ဒါတွေကို ရွာသူ ရွာသားတွေ သိရှိနားလည်အောင် ရှင်းပြပြီး PDF အကြမ်းဖက်ေဘေးအန္တရာယ်ကို ကာကွယ်နိုင်ရေး ပြည်သူ့စစ်ဖွဲ့စည်းထားဖို့ သွားရောက်တွေ့ဆုံရှင်းလင်း ဆွေးနွေးပေးတာပါ။" ဟု မိန့်ကြားသည်။

ဆရာတော် အနေဖြင့် ရပ်ရွာများတွင် ပြည်သူ့စစ်ဖွဲ့စည်း၍ အကြမ်းဘေးအန္တရာယ်ကာကွယ်ရေး ဆောင်ရွက်ပေးသကဲ့သို့ တာဝန်ရှိသူများထံ တင်ပြပြီး ပြည်သူ့စစ်အဖွဲ့ဝင်များအတွက် ဝတ်စုံ၊ လက်နက်၊ စားနပ်ရိက္ခာ ရရှိရေးအတွက်လည်း ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည်။

  

https://t.me/MyanmarNationalPost


မြန်မာနေရှင်နယ်ပို့စ် သို့ သတင်း၊ ဆောင်းပါး၊ ပေးစာများ  ပေးပို့လိုပါက Viber - Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)