မြင်းခြံတက္ကသိုလ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံတက္ကသိုလ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ပြုလုပ်





MNP  -  ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီ အချိန်က မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။


(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကို ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် ကျင်းပခဲ့ပြီး စာစီစာကုံး ပြိုင်ပွဲတွင် “လွတ်လပ်ရေး၏ အနှစ်သာရ” ခေါင်းစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူ (၇၂) ဦး၊ ကဗျာပြိုင်ပွဲ တွင် “လွတ်လပ်ရေး အောင်လံ မြူးလွင့်ချိန်” ခေါင်းစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူ (၃၀) ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် “လွတ်လပ်ရေးအမွေ အမြဲတည်တံ့ပါစေ” ခေါင်းစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူ (၄) ဦးတို့ အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။


 “ကျောင်းသား/ ကျောင်းသူများအနေဖြင့် အတိတ်ကာလ ကိုလိုနီလက်အောက်ခံ ဘဝ ကျရောက်ခဲ့ရာ ဘိုးဘွားဘီဘင်တွေက နိုင်ငံနှင့် လူမျိုးအတွက် အသက်၊ သွေး၊ ချွေးတွေနဲ့ ရင်းနှီးကြိုးပမ်းရယူပေးခဲ့ရတဲ့ လွတ်လပ်ရေး အမွေကို တန်ဖိုးထား မြတ်နိုးတတ်ဖို့ မျိုးချစ် စိတ်ဓာတ် ရှိစေဖို့ စတဲ့ ရည်ရွယ်ချက်များကြောင့် ယခုလို ပြိုင်ပွဲများ ကျင်းပပေးရခြင်း ဖြစ်ပါ တယ်” ဟု မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ အေးအေးဟန်က ပြောသည်။


အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ အေးအေးဟန်က စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများကိုလည်းကောင်း၊ ဒုတိယပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ ကျော်ဝင်းဦးက ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း၊ သင်တန်းရေးရာဌာနမှူး ဒေါ်မြမြဝင်းက ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း အသီးသီး ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ကျော်စွာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)