MNP - ဒီဇင်ဘာ ၁၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ပဏာမမျက်စိ ကျန်းမာရေး စောင့်ရှောက်မှုသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ကျန်းမာရေးမှူး အဆင့်(၁) ဦးထွန်းညီညီက ယခုသင်တန်းသည် ပြည်သူများ အမြင်အာရုံချို့တဲ့စေသည့် မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေး စီမံကိန်းဖြစ်သည့် ပဏာမမျက်စိကျန်းမာရေး သင်တန်းဖြစ်ကြောင်ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် မျက်စိကျန်းမာရေး စောင့်ရှောက်ကုသပေးနိုင်မည့်သင်ခန်းစာ (၃) မျိုး၊ ရှေးဦးပြုစုပေးပြီး နောက်မျက်စိရောဂါဌာနသို့ လွဲပြောင်းပေးရမည့် မျက်စိရောဂါ (၁၀) မျိုး၊ မျက်စိကျန်းမာရေးစောင့်ရှောက်သူများ လက်တွေ့လုပ်ဆောင်ရမည့် မျက်မှန်လိုအပ်သူများ၊ ကလေးသူငယ်အမြင် စွမ်းအားကျဆင်းခြင်း အစရှိသည့်သင်ခန်းစာ (၉)မျိုးအား သင်တန်း နည်းပြဆရာကျန်းမာရေးမှူး အဆင့်(၁) ဦးထွန်းညီညီ၊ ကျန်းမာရေးမှူး ဒေါ်ဝါဝါခိုင်၊ ကျန်းမာရေးမှူး ဒေါ်ခင်သီတာ တို့က ကျန်းမာရေး ဝန်ထမ်း(၈၀) ဦးအား Projector ဖြင့် စာတွေ့လက်တွေ့ တစ်ရက်တာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment