ပွန်ချောင်းရေတင် ဟင်းသီးဟင်ရွက်စိုက်ခင်းဖြင့် ‌ဒေသခံစိုက်ပျိုးတောင်သူများ အပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွန်ချောင်းရေတင် ဟင်းသီးဟင်ရွက်စိုက်ခင်းဖြင့် ‌ဒေသခံစိုက်ပျိုးတောင်သူများ အပိုဝင်ငွေရရှိ


MNP  -  ဒီဇင်ဘာ ၃၁

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင်းရှိ ပွန်ချောင်းဘေးတစ်လျှောက် နှုန်းတင်မြေနုများပေါ်တွင် ဒေသခံ စိုက်ပျိုးတောင်သူများမှ တစ်ပိုင်တစ်နိုင်စိုက်ခင်းများဖြင့် အပိုဝင်ငွေများရရှိ၍ အဆင်ပြေလျက်ရှိသည်။


ဘောလခဲမြို့နယ်သည် ပူပြင်းခြောက်သွေ့သော ဒေသတစ်ခုအဖြင့် သတ်မှတ်ခံထား ရသော်လည်း ဆောင်းတွင်းကာလဖြစ်သော နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် မြို့နေ ပြည်သူများမှ တစ်ပိုင်တစ်နိုင် ကြိုးစားစိုက်ပျိုးထားရှိကြသည်။ နှုန်းတင်မြေနု မြေကွက်ပေါ်တွင် သဘာဝမြေသြစာအဖြင့် နွားချေး၊ ကြက်ချေး၊ လင်းနို့ချေးများဖြင့် အသုံးပြု၍ စိုက်ပျိုးခြင်း ကြောင့် လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များကို စားသုံးကြရသည်။ အဓိကစိုက်ပျိုးထား သော သီးနှံများမှာ မုံညှင်းရွက်၊ မုံလာဥဖြူ၊ မုံလာဥနီ၊ ဆပ်လပ်ရွက်၊ ကိုက်လံရွက်၊ နံနံပင်၊ ဟင်းကြားရွက်၊ ကုလားချဉ်ပေါင်၊ ငုတ်တုပ်ပဲ၊ တိုင်ထောင်ပဲ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီဥ၊ ကြက်သွန်ဖြူဥ၊ ခရမ်းသီး၊ ကြက်သွန်မိတ်၊ ပြောင်းဖူးနှင့် ဘူးသီးပင်များပါ စိုက်ပျိုးထားကြောင်း တွေ့ရသည်။


၎င်းစိုက်ခင်းမှ ထွက်ရှိလာသော ဟင်းသီးဟင်းရွက်များကို မြို့ပေါ်ရပ်နေပြည်သူများထံသို့ သင့်သင့်သော စျေးနှုန်းများဖြင့် ရောင်းချပေးပြီး မိသားစုအပိုဝင်ငွေ ရရှိကြောင်း ဟင်းသီး ဟင်းရွက် စိုက်တောင်သူတစ်ဦးထံမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)