ချီဖွေမြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များ ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချီဖွေမြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များ ညှိနှိုင်းဆွေးနွေး




MNP - ဒီဇင်ဘာ  ၁၈


ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်တွင် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များ ညှိနှိုင်းဆွေး နွေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီခွဲက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်နိုင်က  အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အဆင့် (၅)ဆင့်အနက် အဆင့်(၃)တွင် ပါရှိသည့် မြေပြင်ရှိ အိမ်ထောင်စုလူဦးရေနှင့် အီလက်ထရောနစ်မှတ်ပုံ တင်စနစ်ဦးစီးဌာနမှ Database အတွင်း ထည့်သွင်းထားသော အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူမည့် အခြေအနေများအား ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ထွန်းက လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီ အဆင့်ဆင့် ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ မြေပြင်စာရင်းကောက်ယူဆောင်ရွက်မည့် လုပ်ငန်းတာဝန်များ နှင့် လုပ်ငန်းစဉ်များအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်ရေးနှင့်ပတ်သက်၍ သိရှိလိုသည့် လုပ်ငန်းကဏ္ဍများကို အသီးသီးဆွေးနွေး တင်ပြကြရာ တာဝန်ရှိများက လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ပြန်လည်ဆွေးနွေးပြောကြား ခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး ပြောကြား ခဲ့ကြောင်း သိရသည်။


သတင်း - မေခမွန် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)