(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန၌ စာအုပ်ပြပွဲ နှင့် စစ်တုရင်ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန၌ စာအုပ်ပြပွဲ နှင့် စစ်တုရင်ပြိုင်ပွဲ ကျင်းပ





MNP ၊ ဒီဇင်ဘာ ၈

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်  ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ယနေ့ နေ့လယ် ၁ နာရီက စာအုပ်ပြပွဲ နှင့် စစ်တုရင်ပြိုင်ပွဲကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန် က စစ်တုရင်ပြိုင်ပွဲ ကျင်းပရခြင်းအကြောင်းနှင့် လူငယ်များအနေဖြင့် စစ်တုရင်ကစားနည်းကိုစနစ်တကျယှဉ်ပြိုင် ကစားတတ်စေရန် စသည့်တို့ကိုရှင်းလင်းပြောကြားသည်။

လက်ဆက်ပြီး စစ်တုရင်ပြိုင်ပွဲ ကျင်းပရာ ပြိုင်ပွဲဝင် လူငယ် ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို  ဦးစီးအရာရှိ ဒေါ်တင်တင်စိန် နှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်ပေးကြသည်။

ထို့ပြင် စာအုပ်စာစောင်များပြသရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)