မိတ္ထီလာမြို့၌ ဘွဲ့တံဆိပ်တော်ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏပူဇာသဘင်နှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့၌ ဘွဲ့တံဆိပ်တော်ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏပူဇာသဘင်နှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ




MNP  -   ဒီဇင်ဘာ ၂၅

မိတ္ထီလာမြို့၌ ၂ဝ၂၂ ခုနှစ် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏပူဇာသဘင်နှင့် စူဠဘွဲ့နှင်း သဘင် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အောင်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။                  


အဆိုပါ အခမ်းအနားတွင် လေအကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်(ရှမ်းတဲ) ဒုတိယဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ တပ်နယ်မှူးဗိုလ်မှူးကြီးသန်းနိုင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော် ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်သံဃ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဘဒ္ဒန္တကောဝိဒထံမှ ငါးပါး သီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြသည်။ ၂ဝ၂၂ ခုနှစ်တွင် နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းသော မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ အောင်သိမ်တော်ကျောင်းတိုက် ဦးစီး ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝိဇမ္ဘနနှင့် မဟာကမ္မဋ္ဌာစရိယဘွဲ့တံဆိပ်​တော်ရ သုဇနာရာမမိုးကုတ်ဓမ္မရိပ်သာ ကျေင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တသုဇနတို့ထံသို့ ဘွဲ့တံဆိပ် တော်များနှင့် လှူဖွယ်ဝတ္ထု များကိုလည်းကောင်း၊ ၂ဝ၂၂ ခုနှစ် အစိုးရဓမ္မာစရိယ၊ နိကာယ်စာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲတို့တွင် အောင်မြင်တော် မူခဲ့ကြသော သံဃာတော်နှင့် သီလရှင် စုစုပေါင်း ၂၅၂ ပါးတို့အား စာအောင် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် လှူဖွယ်ဝတ္တု များအားလည်းကောင်း၊ ပင့်သံဃာတော်ဆရာတော်ကြီး၂၇ ပါးနှင့် ဓမ္မစရိယစာအောင် သံဃာတော် ၅ ပါးနှင့် သီလင်ရှင် ၁ ပါးတို့အား လှူဖွယ်ဝတ္ထုများကိုလည်း တာဝန်သူများက အသီးသီးဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ နိုင်ငံတော် ဩဝါဒါစရိယ၊ အဘိဓဇ အဂ္ဂမဟာသဒ္ဒဓမ္မဇောတိက ဘဒ္ဒန္တလာဘာဝထံမှ ရေစက်ချအနုမောဒနာတရားတော်ကို တက်ရောက်လာကြသူများက နာယူကြသည်။ အဆိုပါ အခမ်းအနားပြီးနောက်  ပင့်သံဃာတော်ဆရာတော်ကြီး ၂၇ ပါးနှင့် ဓမ္မ စရိယစာအောင်သံဃာတော် ၅ ပါးနှင့် သီလင်ရှင် ၁ ပါးတို့အား  ဆွမ်းဆန်စိမ်းများ၊ လှူဖွယ်ဝတ္တုများကို တာဝန်ရှိသူများ၊ ​လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင် အလှူရှင်များက ဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။


ချမ်းသာ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)