ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP -  ဒီဇင်ဘာလ   ၃၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်  လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ဂွချောင်းတံတားအား အောင်မြင်စွာ ဖွင့်လှစ်ပြီး ဖြစ်၍ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား အထူးကျေးဇူးတင်ပါကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးအသိ လုံခြုံရေးသတိရှိကြစေရေးနှင့် လိုအပ်ချက်များအား ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ မြို့နယ် Working Group မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး သင်တန်းကို ယမန်နေ့က ဖွင့်လှစ်ပို့ချ ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်၍ ကောက်ကွက်များအလိုက်  မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းများအား ဇန်နဝါရီလ(၉)ရက်နေ့မှာ စတင် ဆောင်ရွက်သွားကြရမည့် လုပ်ငန်းများဖြစ်ကြောင်း၊ ဇန်နဝါရီလ(၃၁)ရက်နေ့အထိ ရက်ပေါင်း၂၀အတွင်း ကောက်ကွက်(၄၀)၊ အိမ်ထောင်စုပေါင်း(၁၉၈၂၀)စုအား အချိန်မီကောက်ယူပြီးစီးနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက အလေးအနက်ထား ဆောင်ရွက်ကြစေလိုကြောင်း၊  ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ် အတွင်း အချို့လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် သက်ဆိုင်ရာကုမ္ပဏီများကို တွန်းအားပေးဆောင်ရွက်ကြစေလိုပါကြောင်း၊ ဌာနများအနေဖြင့် တွန်းအားပေးဆောင်ရွက်ရန် အခက်အခဲရှိပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြပါ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် မြို့နယ် ဌာဆိုင်ရာများက မိမိတို့၏ သက်ဆိုင်ရာ ဌာနလုပ်ငန်းအခြေအနေများနှင့် ရပ်ကွက်/ ကျေးရွာများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့်  အခြေအနေများကိုလည်းကောင်း ၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ သက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက   ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)