အမ်းမြို့နယ်တွင် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက် ယူရေးကြီးကြပ်မှုကော်မတီမှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တွင် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက် ယူရေးကြီးကြပ်မှုကော်မတီမှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသင်တန်းဖွင့်ပွဲကျင်းပ





MNP  -  ဒီဇင်ဘာ ၂၇

   ရခိုင်ပြည်နယ်၊အမ်း ခရိုင်၊ အမ်းမြို့နယ်၌မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက် ယူရေးကြီးကြပ်မှုကော်မတီမှ ဖွင့်လှစ်သည့် မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်  ၁၀ နာရီ အချိန်က ရွှေအမ်းတောင်ခန်းမ၌ ကျင်း ပပြုလုပ်ခဲ့သည်။


 အဆိုပါသင်တန်းဖွင့်ပွဲတွင် ခရိုင်(Working Group)မြေပြင်ကွင်းဆင်း စာရင်းကောက် ယူရေးကြီးကြပ်မှု ကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်ထက်ကလူဦးရေစာရင်းမှန် ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန်အတွက်  မြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် မြေပြင်ကွင်းဆင်းစာရင်းကောက် ယူရေးကြီးကြပ်မှုကော်မတီများနှင့် မြေပြင်တစ်အိမ်တက်ဆင်းကောက်ယူရေးအဖွဲ့  မြို့နယ်(Worki ng Group)ကို ဖွဲ့စည်းထားရှိပြီးဖြစ်ရာအဆို ပါအဖွဲ့၏ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ယခုဖွင့်လှစ်သည့်မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်း သား၊သင်တန်းသူများအနေနှင့်သင်ကြားပို့ချမှုအပေါ်အလေး ထားပြီး သင်ယူကြရန်ပြောကြားခဲ့သည်။


ဆက်လက်၍ ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မြင့်ဦး က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက် များကိုရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့အမ်းခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌဦးအောင်ဇော်ထက်

နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်/မြို့နယ်အဆင့်ဝန် ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးများ၊ရပ်/ကျေးစာရေးများ၊မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ဝင်များ စုစုပေါင်း (၂၂၈)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာ လမှာ ဒီဇင်ဘာ ၂၇ ရက်နေ့မှစ၍ ၂ရက် ကြာသင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင် တန်းသူ(၁၃၄)ဦးတက်ရောက်သင်ကြားမည်ဖြစ်ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)