(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ




MNP - ဒီဇင်ဘာ ၂၆

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှစတင်၍ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပလျက်ရှိရာ ယမန်နေ့ညနေ ၃ နာရီအချိန်တွင် အဖွဲ့လိုက် Fitness Dance အကများ  ဆက်လက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။


အဆိုပါပြိုင်ပွဲတွင် ဌာနပေါင်းစုံမှ တစ်ဖွဲ့လျှင်ပါဝင်ယှဉ်ပြိုင်သူ(၉)ဦးပါအဖွဲ့ စုစုပေါင်း(၁၀)ဖွဲ့ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က ပထမရွှေတံဆိပ်ဆု၊ သယံဇာတရေးရာဝန်ကြီးဌာနအဖွဲ့က ဒုတိယငွေတံဆိပ်ဆုနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တတိယကြေးတံဆိပ်ဆုများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။


(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ ၂၄ ရက်နေ့ကစ၍ ပြိုင်ပွဲအမျိုးအစားအလိုက် စတင်ကျင်းပခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း၊ အားကစားနည်း ၇ မျိုးဖြင့် ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအဆင့်ဌာန ၁၀ ခုမှ အားကစားသမား ၄၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း၊ ပြိုင်ပွဲအလိုက်ဆုရရှိကြသူများ၊ ဆုရရှိကြသည့်အသင်းများကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိုက်ထိုက်တန်တန်ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်မင်းသန်းထံက သိရှိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)