ကျိုက်ထိုမြို့နယ်၌အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးမြို့နယ်အဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးမြို့နယ်အဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ





MNP -  ဒီဇင်ဘာ ၂၇

      မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်၌ အိမ် ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်း ကောက်ယူရေးမြို့နယ်အဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်နံနက် ၉ နာရီခွဲတွင် ကျိုက်ထိုမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရာပြည့်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

     အခမ်းအနားတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုး က သင်တန်းဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူး ဦးဝင်းနိုင် က (Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီးသင်တန်းကိုပို့ချခဲ့သည်။


     အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာဝန်ထမ်း များ၊ရပ်ကွက်/‌ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ စုစုပေါင်း (၂၅၃)ဦးတက်ရောက်ကြပြီး အထွေထွေအုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှုး ဦးဝင်းနိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိဒေါ်သီတာလွင်တို့က စာရင်းကောက်ယူမှုဆိုင်ရာသင်ခန်းစာများအား နံနက် ၉နာရီခွဲမှ ညနေ ၄ နာရီခွဲထိ(၂)ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးပြည်သူ့အင်အားဦးစီးဌာနမှသိရသည်။


ဝင်းမောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)