ကျောက်ဖြူမြို့၊ အထက(ခွဲ)အလက(၂)မြို့မကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောမှုများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၊ အထက(ခွဲ)အလက(၂)မြို့မကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောမှုများဆောင်ရွက်




MNP - ဒီဇင်ဘာ  ၁၈


ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အမှတ်(၄၈)မူးယစ်တပ်ဖွဲ့စုနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက အထက(ခွဲ)အလက(၂)မြို့မကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို အသိ ပညာပေး ဟောပြောမှုများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ ကျောက်ဖြူခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ ခရိုင်ဦးစီးမှူးမှ “ ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမှတ် (၄၈)မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးသန့်ဇော်က “မူးယစ်အန္တရာယ် လူ့ရန်စွယ်”နှင့် “မိုင်းအန္တရာယ် အသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရတနာ ဝင်းမောင်မှ “လူကုန်ကူး ခြင်းကင်းဝေးဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းစို့” ခေါင်းစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြသည်။ ထို့နောက် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များကို ကျောင်းသား၊ ကျောင်း သူများထံသို့ အခမဲ့ဝေငှပေးခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အမှတ် (၄၈)မူးယစ်တပ်ဖွဲ့စုမှူး၊ ခရိုင်အမျိုး သမီးရေးရာအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း အင်အား(၂၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)