MNP ၊ ဒီဇင်ဘာ ၁၇
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး ဌာနဆိုင်ရာဝန်ထမ်းများ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီက မာန်အောင်မြို့ ရန်အောင်မြင်ရပ်ကွက်ရှိ မြို့နယ်ခန်းမ ဝင်းအတွင်းသန့်ရှင်းရေးများဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး များဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မြို့နယ်ခန်းမ ဝင်းအတွင်းရှိ ချုံနွယ် ပိတ်ပေါင်း၊အမှိုက်များကို ခုတ်ထွင်ရှင်းလင်း သန့်ရှင်းရေးများဆောင်ရွက်ကြပြီး အမှိုက်များကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်ကားဖြင့် စနစ်တကျ စွန့်ပစ်ခဲ့ကာ သန့် ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment