အုတ်တွင်းမြို့နယ်၌ နွေစပါးစိုက်တောင်သူများ စိုက်ပျိုးရေရရှိရန်နှင့် အထွက်နှုန်းတိုးတက်စေရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ နွေစပါးစိုက်တောင်သူများ စိုက်ပျိုးရေရရှိရန်နှင့် အထွက်နှုန်းတိုးတက်စေရေး ကွင်းဆင်းစစ်ဆေး




MNP - ဒီဇင်ဘာ  ၁၇


ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၌ နွေစပါးစိုက်တောင်သူများ စိုက်ပျိုးရေရရှိရေး၊ အထွက်နှုန်းတိုးတက်စေရေးနှင့် ဆည်မြောင်းမှ ရေလွှတ်ပေးနေမှုအခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။


အဆိုပါ ကွင်းဆင်း‌ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက နွေစပါးစိုက်တောင်သူများ စိုက်ပျိုးရေရရှိရေး၊ အထွက်နှုန်းတိုးတက်စေရေး၊ ဆည်မြောင်းမှ ရေစတင်လွှတ်ပေးမှုအခြေအနေနှင့် ရေပေးမြောင်းရေရောက်ရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


အုတ်တွင်းမြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးဧက ၂၈၆၆၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခု ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွက် ၂၉၁၂၁ ဧက နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - အေမင်းရည်စော


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)