မဇ္ဈိမာလင်္ကာရ သာမဏေကျော်စာမေးပွဲဖြေဆိုသည့် သံဃာတော်များ၊ သာမဏေ ကျော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဇ္ဈိမာလင်္ကာရ သာမဏေကျော်စာမေးပွဲဖြေဆိုသည့် သံဃာတော်များ၊ သာမဏေ ကျော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်း


MNP ၊ ဒီဇင်ဘာ ၁၈

မဇ္ဈိမာလင်္ကာရ သာမဏေကျော်စာမေးပွဲဖြေဆိုသည့် သံဃာတော်များ၊ သာမဏေကျော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား  နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ မဇ္ဈိမဂုဏ်ရည် မဟာစည်တောရရိပ်သာ မဇ္ဈိမဂုဏ်ရောင်မုဒုံမောင်မောင် မဟာဓမ္မဗိမာန် တော်ကြီး၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဇ္ဈိမဂုဏ်ရည် မဟာစည်သာသနာ့ရိပ်သာကြီးများ၏ ပဓာနနာယက ဆရာတော် ဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစိယ မဟာစည်နာယက ဒေါက်တာ ဘဒ္ဒန္တ ကောဝိဒ အမှူးပြုသော သံဃာတော်များ၊ စာဖြေ သာမဏေကျော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)