ကျိုက်ထိုမြို့၌ မီးငြိမ်းသတ်ရေးသရုပ်ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့၌ မီးငြိမ်းသတ်ရေးသရုပ်ပြပွဲပြုလုပ်





MNP - ဒီဇင်ဘာ ၂၉

     မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မီးသတ် ဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးလောင်ကျွမ်းမှုဖြစ်ပေါ်လာပါကအရေးပေါ်မီးငြိမ်းသတ်နည်းသရုပ်ပြပွဲကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၉နာရီတွင် ကျိုက်ထိုမြို့နယ် ပြည်သူ့ဈေးတွင်ကျင်းပပြုလုပ်ခဲ့သည်။


     အဆိုပါသရုပ်ပြပွဲ၌ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးဝေယံအောင်က ရုတ်တရက်မီးလောင်မှုဖြစ်ပွားလျှင် အရေးပေါ်ထားရှိသည့်မီးသတ်ဆေးဘူး၊ပေါင်ဒါမှုန့်နှင့် ရေစိုအဝတ်အသုံးပြုနည်းတို့ကိုရှင်းလင်းပြောကြားပြီးတာဝန်ရှိစည်ပင်ဝန်ထမ်းများနှင့်ဈေးကော်မတီဝင်များလုပ်ဆောင်တတ်စေရန်သင်ကြားပြသခဲ့သည်။


    ယင်းနောက်အရေးပေါ်မီးငြိမ်းသတ်တတ်စေရန် ဈေးရှိမီးဘေးကယ်ဆယ်ရေးရေလှောင်ကန်မှရေအားအလွယ်တကူအသုံးပြုနည်းပိုက်ဆက်သွယ်တန်းနည်းကိုမြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူးဦးရဲညွန့်ထွေးဦးဆောင်၍တပ်ဖွဲ့ဝင်များကလက်တွေ့သင်ကြားပြသပြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှမီးသတ်ယာဉ်(၂)စီးရေသယ်ယာဉ်(၁)စီးမြို့နယ်စည်ပင်သာယာအဖွဲ့မှရေသယ်ယာဉ်(၁)စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊စည်ပင်ဝန်ထမ်းများ၊ဈေးကော်မတီဝင်များပူးပေါင်းကာမီးဘေးအန္တရာယ်ကင်းရှင်းစေရန်သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။


      အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးပြည်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးထွန်းထွန်းဝင်း၊   မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးဇော်ဇော်၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိဦးဝဏ္ဏအောင်နှင့်ဝန်ထမ်းများ၊မြို့မဈေး‌အဖွဲ့ကော်မတီဝင်များဈေးသူဈေးသားများတက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။


ဝင်းမောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)