ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ


MNP -  ဒီဇင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဒဂုံတက္ကသိုလ်နှင့်အမှတ်(၂၈) မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ၊ အများပြည်သူများယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒဂုံတက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဒေါက်တာထိပ်တင်ဟန်က အဖွင့်အမှာစကားပြောကြားပြီးနောက် အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်) အမှတ်(၂၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုတပ်ဖွဲ့စုမှူးဒုတိယရဲမှူးမြစန်းဌေးက ကျောင်းသား၊ ကျောင်သူများနှင့်ပြည်သူများယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးဟောပြောရာတွင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်နေသောရည်မှန်းချက်တာဝန်(၅)ရပ်၊ အဓိကတာဝန်(၃)ရပ်၊ လက်ရှိပြည်သူများယာဉ်၊ အန္တရာယ်ကင်းဝေးစေရန်တက္ကသိုလ်ခြေခံပညာကျောင်းများ၌ဟောပြောပေးခြင်း၊ လူစည်ကားရာနေရာများတွင်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးခြင်း၊ မော်တော်ယာဉ်နည်းဥပဒေထုတ်ပြန်ချက်များ၊ မော်တော်ယာဉ်၊ ဆိုင်ကယ်စီးသူများလိုက်နာရမည့်စည်းကမ်းများ၊ ခြေလျင်လမ်းလျှောက်သူများလိုက်နာရမည်စည်းကမ်းချက်များနှင့် မြန်မာနိုင်ငံအပါအဝင်အပြည်ပြည်ဆိုင်ရာယာဉ်စည်းကမ်းလမ်းစည်ကမ်းထိန်းသိမ်းနည်း(၅ နည်းဖြင့် ဆောင်ရွက်မှုတို့အား အကျယ်တဝင့်အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဒဂုံတက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဒေါက်တာမျိုးမင်းက ဒဂုံတက္ကသိုလ်သို့ ကျောင်းသား/သူ၊ ဆရာ၊

ဆရာမများယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအသိပညာပေးဟောပြောပေးသော အမှတ်(၂၈)မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးဒုတိယရဲမှူးမြစန်းဌေးအား အမှတ်တရလက်ဆောင်များပေးအပ်ခြင်းနှင့် ဟောပြောပွဲသို့တက်ရောက်လာသူများအား မြို့နယ်ယာဉ်ထိန်းရဲတပ်တပ်ဖွဲ့စုတပ်ဖွဲ့ဝင်များကယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ လက်တွေ့သရုပ်ပြသခြင်းများဆောင်ရွက်ခဲ့ပြီးနောက် ဟောပြောပွဲတွင် ဒဂုံတက္ကသိုလ်တွင်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုင်ရာစာစီစာကုံး၊ ဆောင်းပါး၊ ကဗျာတွင်ဆုရရှိခဲ့သောစုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၁၅)ဦးအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ဝင်းအိမွန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)