ဝါးခယ်မမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစု (ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖြန်းမြေဩဇာနှင့် ယူရီးယားမြေဩဇာ) ပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါးခယ်မမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစု (ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖြန်းမြေဩဇာနှင့် ယူရီးယားမြေဩဇာ) ပေးအပ်ပွဲအခမ်းအနားကျင်းပ



MNP  -  ဒီဇင်ဘာ  ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်က မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ မြတ်စွယ်တော်တန်ဆောင်းတွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာအုပ်စု(၂၈)အုပ်စုမှ  ဧက(၂၇၀၀)တာဝန်ယူဆောင်ရွက်မည့် တောင်သူများ၊ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများတွေ့ဆုံ၍ လိုအပ်သည်များမှာကြားခဲ့ပြီး မြို့နယ်ကြီးကြပ်မှုကော်မတီမှ စာချုပ်များချုပ်ဆို၍ သွင်းအားစု ဓာတ်ဆားများစုပုံထားသည့်နေရာသို့ သွားရောက်စစ်ဆေးခြင်း၊ ထုတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များသည် ရွှေခယ်သီရိအားကစားခန်းမတွင် နိုင်ငံစီးပွားမြှင့် တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစု (ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖြန်းမြေဩဇာနှင့် ယူရီးယားမြေဩဇာ) ပေးအပ်ပွဲ အခမ်းအနာသို့ တက်ရောက်၍ တစ်ဧက ၂ သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစုများကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်အဖွဲ့များ၊ မြောင်းမြခရိုင် မြေစာရင်းဦးစီးဌာန ခရိုင်ဦးစီးမှူ ဦးအောင်ကျော်မြင့်၊ မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မိုးဝင်း၊ ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့များ၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဟိန်းထက်လင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)