မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

119


MNP  -   ဒီဇင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ရပ်ရွာဖွံ့ဖြိုးတိုး တက်ရေးနှင့် အေးချမ်းသာယာစေရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် အထူးအလေး ထားဆောင်ရွက်သွားရန်၊ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍  ရပ်ရွာ သန့်ရှင်းသာယာရေး လုပ်ငန်းများနှင့်  မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန်၊    နွေစပါးလျာထားဧကများနှင့် ဆီထွက်သီးနှံနေကြာဧကများ အချိန်မီ စိုက်ပျိုးပြီးစီးရေး အသိပေးဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက ကျေးရွာများတွင် နယ်မြေအေးချမ်းသာယာရေးအတွက် ဧည့်စာရင်းစစ်ဆေးခြင်း၊ ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မိမိကျေးရွာ ပြည်သူများ၏ လုံခြုံရေးအစီအမံများကို  အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား ပြင်ပပေါက်စျေးနှုန်းဖြင့် သက်သာသောနှုန်းထားဖြင့် ဓာတ်မြေသြဇာအိတ်များ ဆက်လက်ထုတ်ပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍  ကျေးရွာအုပ်စု တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်း အခြေအနေများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ  တက်ရောက်လာသော တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဖြည့်စွက်ရှင်းလင်းခဲ့ကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages