(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

75

76


MNP  -   ဒီဇင်ဘာ ၂၄

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့  အထိမ်းအမှတ်အကြို   မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် လှေလှော်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီက မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက်ရှိ ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပသည်။


အဆိုပါလှေလှော်ပြိုင်ပွဲကို  (၇၅)နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရန်၊ လှေလှော်အားကစားနည်းကို ပြည်သူများ ပိုမိုစိတ်ဝင်စားလာစေရန်၊ ရိုးရာအားကစားကို တန်ဖိုးထား မြတ်နိုးတတ်စေရန်နှင့် ထူးချွန်ပြီး အရည်အချင်းပြည့်ဝသည့် လှေလှော်အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရန်အတွက်  ဒီဇင်ဘာ ၂၃ ရက်မှ စတင်ကာ ပြည်နယ်အတွင်းရှိ မြို့နယ်(၁၀)မြို့နယ်လှေလှော်အသင်းတို့က ယှဉ်ပြိုင်ခဲ့ကြရာ ဗိုလ်လုပွဲစဉ်တွင် မုဒုံလှေလှော်အသင်းနှင့် သံဖြူဇရပ်လှေလှော်အသင်းတို့ ယှဉ်ပြိုင်လှော်ခက်ခဲ့ပြီး  မုဒုံကိုယ်စားပြုလှေလှော်အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။


ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပထမဆု မုဒုံလှေလှော်အသင်းအား မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းမှ တစ်ဦးချင်းဆုတံဆိပ်ဆု၊ ငွေသားကျပ် (၁၀)သိန်းဆုနှင့် တံခွန်စိုက်ဒိုင်းဆုကိုလည်ကောင်း၊ ဒုတိယဆု သံဖြူဇရပ်လှေလှော် အသင်းအား မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညီညီစိုးမှ တစ်ဦးချင်းဆုတံဆိပ်ဆုနှင့် ငွေသားဆုကျပ် (၇) သိန်းဆုကိုလည်ကောင်း၊ ပူးတွဲတတိယဆု ရေးနှင့်ကျိုက်ထို လှေလှော်အသင်းအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က ငွေသားဆုကျပ် (၃)သိန်းစီတို့ကိုလည်ကောင်း  အသီးသီးဆုချီးမြှင့်​ပေးအပ်ခဲ့ကြကြောင်း သိရသည်။


သားငယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages