မိုင်းယောင်း၌ ဒီဇင်ဘာ အားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်း၌ ဒီဇင်ဘာ အားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများဆောင်ရွက်



MNP - ဒီဇင်ဘာ ၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု ဒီဇင်ဘာလ(ပထမပတ်) စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် ၅ နာရီက ဟိုခုံဘုန်းကြီးကျောင်းရှေ့၌ စုရပ်ပြုလုပ်၍ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ ပူးပေါင်းပါဝင်ဆင်နွဲခဲ့ကြသည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲသူများသည် စုရပ်ဖြစ်သော ဟိုခုံဘုန်းကြီးကျောင်းရှေ့မှ ဗလမင်းထင်လမ်း၊ အောင်မင်္ဂလာလမ်းမှတစ်ဆင့် မြို့နယ်အားကစားကွင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြကာ အကြောလျော့ လေ့ကျင့်ခန်းများ ဆောင်ရွက်၍ စုပေါင်းကိုယ်လက်ကြံခိုင်ရေး လေ့ကျင့်ခန်းအစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂)တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။


အလားတူ အများပြည်သူ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာလ အားကစားလှုပ်ရှားမှု အနေဖြင့် အများပြည်သူဆိုင်ရာနေရာ(Public Area)များတွင် တစ်ဦးတစ်ယောက်ချင်းအလိုက် သော်လည်းကောင်း၊ မိသားစုအလိုက်သော်လည်းကောင်း၊ အစုအဖွဲ့များအလိုက် သော်လည်းကောင်း တစ်ကိုယ်ရေကိုယ်လက်လှုပ်ရှားမှု အစီအစဉ်များ ဆောင်ရွက်လျှက်ရှိသည်ကို မြင်တွေ့ရသည်။


သတင်း - စိုင်းအောင်ဇော်လင်း

 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)