ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ




MNP  -  ၊ ဒီဇင်ဘာ ၂၁

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းပြင်ပ အသက် ၅ နှစ်မှ ၁၅ နှစ်အတွင်း ကျောင်းပြင်ပ ကလေးများနှင့်ပြည်သူလူထုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ဆက်လက်ထိုးနှံခြင်းကို ယနေ့၊ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

     အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး များ လာရောက်ထိုးနှံမည့် ကျောင်းပြင်ပကလေးငယ်များနှင့်ပြည်သူလူထုများကို ကာကွယ် ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူရှိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန်တိုင်းတာခြင်းတို့ စသည့် ကျန်းမာရေးစစ်​ဆေးမှုများ ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့သည်။

      ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အသက် ၅ နှစ်မှ ၁၅ နှစ်အတွင်း ကျောင်းပြင်ပ ကလေးငယ် ၆၈ ဦး၊ အသက် ၁၈ နှစ်အထက် ထပ်ဆောင်း (Booster)ထိုးနှံသူ ၅၉ ဦး၊ အသက် ၁၅ အထက် ပြည်သူ ၉ ဦးတို့ကို ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)