(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုအားဖြင့် သက္ကယ်ကုန်းကျေးရွာ စက်ရေတွင်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုအားဖြင့် သက္ကယ်ကုန်းကျေးရွာ စက်ရေတွင်းဖွင့်လှစ်



MNP  -   ဒီဇင်ဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊လက်ပံတန်း မြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ကျေးလက်ရေရရှိရေး စက်ရေတွင်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ပန်းတိမ်စုကျေးရွာအုပ်စု သက္ကယ်ကုန်းကျေးရွာ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ လက်ပံတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်စိုးက ကျေးလက်ရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများကို ရှင်းလင်းပြောကြားကာ သက္ကယ်ကုန်းကျေးရွာမှ ရပ်မိရပ်ဖဦးကြည်အေးက ကျေးဇူးတင်စကားပြန်လည်‌ပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် တာဝန်ရှိသူများက စက်ရေတွင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


အဆိုပါ စက်ရေတွင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ် ၁၆၅ သိန်းဖြင့် မင်္ဂလာရွှေသွန်းကုမ္ပဏီမှ ၄လက္မခွဲ တွင်းတိမ် တူးဖော်၍ OVPC ၂၀၀ပေ ဂါလံ  ၅၀၀၀ ဆံ့ရေစုကန် ဆိုလာရေတင်စနစ်တပ်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး သက္ကယ်ကုန်းကျေးရွာ အိမ်ထောင်စု တစ်ရာအတွက် သောက်သုံးရေဖူလုံမှုရရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)