(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြည်နယ်အတွင်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်လက်မှတ်များ နှင့် ဂုဏ်ထူးဆောင်ပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြည်နယ်အတွင်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်လက်မှတ်များ နှင့် ဂုဏ်ထူးဆောင်ပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေး ညှိနှိုင်းဆွေးနွေး

 



MNP - ဒီဇင်ဘာ ၁၇


၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ(၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုကချင်ပြည်နယ် နေ့အထိမ်းအမှတ် အခမ်းအနားတွင် ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကဏ္ဍများတွင် စံပြုလောက်အောင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အား ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ပစ္စည်းများ ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကလာမည့် ကချင်ပြည်နယ်နေ့သည် စိန်ရတုနှစ်ဖြစ်သည့်အတွက် ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူး ဆောင်ပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေးအတွက် ချီးမြှင့်ထိုက်သူများကျန်ရှိမှုမရှိစေရေး လုပ်ငန်း ကော်မတီများအနေဖြင့် စံနှုန်းများနှင့်အညီ စနစ်တကျစိစစ်ရွေးချယ်ဆောင်ရွက်သွားရန် လိုကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ အစည်းအဝေးတွင် ဌာနဆိုင်ရာများမှ ရွေးချယ်တင်ပြလာသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအား စိစစ်ရွေးချယ်သွားနိုင်ရေး ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြား သည်။


ထို့နောက် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေး စိစစ်ရေးလုပ်ငန်းကော်မတီနှင့် ဆုများချီးမြှင့်အပ်နှင်းရေးလုပ်ငန်းကော်မတီများမှ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအပြင် အထူးသင့်လျော်သော လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့များမှ တင်ပြလာသူများအား စိစစ်ရွေးချယ်၍ ဂုဏ်ထူးဆောင်ဆုအမျိုးအစားအလိုက် စံသတ်မှတ်ပြီး တင်ပြသွား မည့်အစီအမံများ၊ ဂုဏ်ထူးဆောင်ဆုချီးမြှင့်ရန်အတွက် ဆုတံဆိပ်များနှင့်ပစ္စည်းများ ပြင်ဆင်ဆောင် ရွက်ထားရှိမှုများကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။


ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ထူးဆောင်ဆုများ စိစစ်ရွေးချယ်ရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ချီးမြှင့်ထိုက်သူ များအားလုံး ချီးမြှင့်အပ်နှင်းနိုင်ရေး စိစစ်ရွေးချယ်ဆောင်ရွက်သွားရမည့်ကိစ္စရပ်များအပေါ် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


အလားတူ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဂုဏ်ထူးဆောင်ဆုများကို (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားတွင်လည်း စီမံထူးချွန်ဆုအဖြစ် ပထမဆင့် (၈)ဦး၊ ဒုတိယအဆင့် (၁၇)ဦး၊ တတိယအဆင့် (၂၂)ဦးတို့ကိုလည်းကောင်း၊ စီးပွားထူးချွန်ဆုအဖြစ် ဒုတိယအဆင့် (၅)ဦး၊ တတိယအဆင့် (၁)ဦးတို့ကို လည်းကောင်း၊ လူမှုထူးချွန်ဆုအဖြစ် ဒုတိယအဆင့် (၁၃) ဦး၊ တတိယအဆင့် (၉)ဦးတို့ကိုအပြင် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်သူ (၂၀၃)ဦးတို့အား လည်းကောင်း စုစုပေါင်း လူပုဂ္ဂိုလ်နှင့် အသင်းအဖွဲ့ (၂၈၅)ဦးတို့အား ဂုဏ်ပြုအပ်နှင်းခဲ့ကြောင်းသိရှိ ရသည်။


မြန်မာနေရှင်နယ်ပိုစ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)