မိတ္ထီလာခရိုင်တွင် ဒေသထွက်ကုန်များသယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်း လေးလမ်း ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာခရိုင်တွင် ဒေသထွက်ကုန်များသယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်း လေးလမ်း ရာနှုန်းပြည့်ပြီးစီး




MNP  -   ဒီဇင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ)ရန်ပုံငွေကျပ် ၂၂၈ သန်းကျော်ဖြင့် ဒေသထွက်ကုန်များသယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းလေးလမ်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများက ဇူလိုင်လပထမပတ်မှစတင်၍ ကျေးလက်ကုန်ထုတ်လမ်းများဆောင်ရွက်လျက်ရှိရာ မိတ္ထီလာမြို့နယ်တွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ် ၄၈.၈၁သန်းဖြင့် တင်ဒါအောင်မြင်သည့် Thant Construction ကုမ္ပဏီမှတာဝန်ယူပြီး ရေဝေကျေးရွာနှင့် လယ်ကွင်းအမှတ်(၇၈၆)သို့ ဆက်သွယ်သောကုန်ထုတ်လမ်း အရှည် ၀/၇ မိုင်ရှိ လမ်းအားမြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်းနှင့် မလှိုင်မြို့နယ်တွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ် ၃၂.၅၉ သန်းဖြင့် တင်ဒါအောင်မြင်သည့် MTK Global Engineering ကုမ္ပဏီမှ တာဝန်ယူပြီး အရှည်၀/၄.၅ မိုင်ရှိ ကျောင်းစု(န)ကျေးရွာကုန်ထုတ်လမ်းအား မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင်  ဝမ်းတွင်းမြို့နယ်တွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေကျပ် ၁၀၅.၃၄၇၀သန်းဖြင့် ထွန်းငွေခိုင်ကုမ္ပဏီမှတာဝန်ယူပြီး ခါးတက္ကန်ကျေးရွာ မြောက်ဘက်ကွင်းအမှတ်(၁၂၃၉)သို့ သွားသောကုန်ထုတ်လမ်း အရှည် ၁/၇ မိုင်ရှိလမ်းကို မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်းနှင့် သာစည်မြို့နယ်တွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ် ၄၂.၁၃၅သန်းဖြင့် တင်ဒါအောင်မြင်သည့် လင်းလတ်ပိုင်ကုမ္ပဏီမှ တာဝန်ယူပြီး မရွေးကျေးရွာမှ တောင်ဘက်ကွင်းအမှတ်(၁၈၇၀)သို့ ဆက်သွယ်သောကုန်ထုတ်လမ်း အရှည် ၀/၆ မိုင်ရှိ လမ်းအားမြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၎င်းကျေးလက်ကုန်ထုတ်လမ်းများမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။


အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းဖောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ကျေးရွာ(၁၄) ရွာမှလယ်ယာဧက ၁၈၇၉ ဧက၏ လယ်ယာထွက်ကုန်သီးနှံများ စျေးကွက်သို့ ရာသီမရွေးလွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်ရောင်းချနိုင်မည်ဖြစ်ပြီး အိမ်ခြေ ၁၇၆၉၊ လူဦးရေ ၉၄၉၅ ဦးအား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။


သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)