အမ်းမြို့၌ အခြေခံစားသောက် ကုန်နှင့်ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌ အခြေခံစားသောက် ကုန်နှင့်ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချ





MNP ၊ ဒီဇင်ဘာ ၈

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက် ကုန်ပစ္စည်းနှင့် ဟင်း သီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်း ချပေးခြင်းကို ယမန်နေ့က လေယာဉ်ကွင်းရပ် ကွက်၌ပြုလုပ်ခဲ့သည်။

အဆိုပါ အခြေခံစားကုန်နှင့်ဟင်းသီးဟင်း ရွက်များအား သက် သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကြည့်ရှု့အား ပေးခဲ့ကြသည်။

အဆိုပါ စားသောက် ကုန်နှင့်ဟင်းသီးဟင်း ရွက်များအား အမ်း တပ်နယ်မှတာဝန်ရှိသူများက ဆန်၊ ဆီ၊ ဝတ်သား၊ ကြက်သား၊  ဒေသကြက်၊ ငါးမြစ်ချင်း၊ ငါးတန်၊ ငါးမုတ် ၊ ကြက်ဥ၊  နွားနို့၊ ပဲ၊ အမဲသားစည်သွတ်ဘူး၊ ကြက်အာလူး၊ ငါးတန်အချိုပေါင်း၊ မျှစ်၊စားတော်ပဲဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းချဉ်ဘူး၊ ငါးသ လောက်ဘူး၊ သရက်သီးသနပ်ဘူး၊ ငါးပိ ကြော်၊  ကန်စွန်းရွက်၊ ချဉ်ပေါင် စသည့် အခြေခံ စားသောက် ကုန်ပစ္စည်းများနှင့် ဒေသထွက်ဟင်းသီးဟင်း ရွက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်ချပေးခဲ့ခြင်းဖြစ်သည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)