ငဖဲမြို့နယ် လင်းတဲကျေးရွာတွင် နာနတ်ဝိုင်ထုတ်လုပ်ရောင်းချခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ် လင်းတဲကျေးရွာတွင် နာနတ်ဝိုင်ထုတ်လုပ်ရောင်းချခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေရရှိ




MNP -   ဒီဇင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် တောင်ပေါ်ဒေသ လင်းတဲကျေးရွာသည် မင်းဘူး-အမ်း ကားလမ်းဘေးတွင် တည်ရှိပြီး ဒေသခံ အရှိုချင်းတိုင်းရင်းသားများအနေဖြင့် တောင်ယာနှင့် နှစ်ရှည်သီးနှံပင် စိုက်ပျိုးရေးလုပ်ငန်းများအပြင် နာနတ်ခင်းများစိုက်ပျိုးပြီး နာနတ်သီးနှင့် နာနတ်ဝိုင်ကို မိသားစုများ တပိုင်တနိုင် ထုတ်လုပ်ရောင်းချခြင်းဖြင့်  နှစ်စဉ်ပုံမှန်ဝင်ငွေ ရရှိနေကြောင်း နာနတ်စိုက်တောင်သူ မိုင်မြဝတ်ရည်အောင်ထံမှ သိရသည်။


နာနတ်ဝိုင်ပြုလုပ်ရာတွင် ရှေးဦးစွာ နတ်နတ်သီးများကို ရေဆေး၊ အခွံခွာပြီး အစိတ်ကလေးများ လှီးစိတ်ကာ စဉ်းအိုး(သို့မဟုတ်) ပလပ်စတစ်ပုံးထဲသို့ထည့်ရကြောင်း၊ ပြီးလျှင် သကြားကို နာနတ်သီးအလေးချိန်နဲ့ ဆတူရောထည့်၍ အဖုံးအုပ်ထားရကြောင်း၊ နာနတ်သီးစိမ်ပြီး ၄ လ ခန့်အကြာတွင် နာနတ်ရည်များ ဝိုင်အဖြစ်ရောက်ရှိ၍ သောက်သုံးရန် ရောင်းချရကြောင်းနှင့် တစ်နှစ်၊ နှစ်နှစ်ကျော်ခန့်ရှိ နာနတ်ဝိုင်ဆိုလျှင် ပိုလို့အရသာရှိပြီး သောက်လို့ကောင်းကြောင်း သိရသည်။


“နာနတ်ပင်များကို မိမိတို့၏တောင်ယာအခင်းထဲတွင် ဧက ဒသမ ၅၀ ခန့် စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးထားသော အပင်ပေါင်း တစ်ထောင်ခန့်ရှိ၍ အခင်းမှထွက်ရှိသော နတ်နတ်သီးများကို အသီး နှင့် နာနတ်ဝိုင်အဖြစ်ထုတ်လုပ်ပြီး ကားလမ်းဘေးတွင် ဈေးဆိုင်တည်၍ တောင်ယာခင်းမှ ထွက်ရှိသော သီးနှံများနှင့်အတူ ရောင်းချလာရာ ၆ နှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ မိုးရာသီ ဇူလိုင်လမှ အောက်တိုဘာလအထိ နာနတ်သီးများ ခူးဆွတ်ရောင်းချရ၍ ခရီးသွားပြည်သူများမှ လာရောက် ဝယ်ယူကြကြောင်း၊ နာနတ်သီးတစ်လုံးလျှင် ငွေကျပ် ၅၀၀၊ နာနတ်ဝိုင် တစ်ပုလင်းလျှင် ငွေကျပ် ၁၀၀၀ မှ ၁၅၀၀ ခန့်ထိ ရောင်းချရပြီး နေ့စဉ်နှစ်သောင်းဖိုးခန့် ရောင်းချရကြောင်းနှင့် နာနတ် တစ်ခင်းကို ငွေကျပ်ဆယ်သိန်းခန့် နှစ်စဉ်ပုံမှန်ရရှိကြောင်း” နာနတ်ဝိုင် ပြုလုပ်ရောင်းချသူ  မိုင်မြဝတ်ရည်အောင်က ပြောကြားသည်။


အဆိုပါလင်းတဲကျေးရွာမှ နာနတ်သီးနှင့် နာနတ်ဝိုင်များကို လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက်ကြကာ ဝယ်ယူသောက်သုံးကြပြီး တောင်ပေါ်ဒေသ အလှူ/မင်္ဂလာဆောင်များတွင် ဧည့်ခံကျွေးမွေးရန်နှင့် လက်ဆောင်ပေးရန်တို့အတွက် ဝယ်ယူသူများပြားကြကြောင်းနှင့် လင်းတဲကျေးရွာတွင် နာနတ်ဝိုင် ပြုလုပ်ရောင်းချသူ ၃ ဦးခန့်ရှိကြောင်း သိရသည်။


မယု

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)