ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ





MNP ၊ ဒီဇင်ဘာ ၁၈

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျရောက်မည့် ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းရှိ သံလွင်မြစ်အတွင်းနှင့် မုန့်ညဈေးတန်းနေရာတို့၌ ကျင်းပသည်။


အဆိုပါလှေလှော်ပြိုင်ပွဲသို့ ဘားအံမြို့နယ်အတွင်းရှိ တိုက်နယ် ၉ ခုမှ အမျိုးသားတက်(၂၀)လှော် နဂါးလှေလှော်ပြိုင်ပွဲ ၉ သင်း၊ (၇)တက်လှော် ၉ သင်း၊ ၅ တက်လှော် ၉ သင်း၊ အမျိုးသမီး(၇)တက်လှော် ၈ သင်း၊ (၅)တက်လှော် ၈ သင်း စုစုပေါင်းလှေလှော်အားကစားသမား ၃၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဒီဇင်ဘာ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် နှစ်ရက်ခွဲကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ဗိုလ်လုပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး (၅)တက်လှော်ပြိုင်ပွဲ၊ (၇)တက်လှော်ပြိုင်ပွဲနှင့် အမျိုးသားတက်(၂၀)လှော် နဂါးလှေလှော်ပြိုင်ပွဲတို့ကို ကျင်းပခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဘားအံမြို့နှင့်ပတ်ဝန်းကျင်ဒေသရှိ ရပ်ကွက်/ ကျေးရွာများမှ အားကစားဝါသနာရှင်များက သောင်းသောင်းဖြဖြ ကြည့်ရှုအားပေးခဲ့ကြသည်။


ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ကျန်းမာရေးအဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့၊ ရေပြင်သက်ကယ်အဖွဲ့တို့အား ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများကလည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ဇော်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဇော်ဝင်းတို့က နှစ်သိမ့်ဆုရလှေလှော်အသင်းများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်းဘေဘီမြင့်က အမျိုးသမီး(၅)တက်လှော်ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော လှေလှော်အသင်းများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က အမျိုးသား(၅)တက်လှော်ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော လှေလှော်အသင်းများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက အမျိုးသမီး(၇)တက်လှော်ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော လှေလှော်အသင်းများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများကိုလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က အမျိုးသား(၇)တက်လှော်ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော လှေလှော်အသင်းများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားများကိုလည်းကောင်း  အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမျိုးသား(၂၀)တက်လှော် နဂါးလှေလှော်ပြိုင်ပွဲ တတိယဆုရရှိသော ဝတ်ကြီးတိုက်နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု ခုနှစ်သိန်းငါးသောင်းနှင့် ဆုဖလားတို့ကိုလည်းကောင်း၊ ဒုတိယဆုရရှိသော မြို့မတိုက်နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုတစ်ဆယ်သိန်းနှင့် ဆုဖလားတို့ကိုလည်းကောင်း၊ ပထမဆုရရှိသော မိဇံတိုက်နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု တစ်ဆယ့်နှစ်သိန်းငါးသောင်းကျပ်နှင့် ဆုဖလားတို့ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လှေလှော်အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြောင်းနှင့် ယခုပြိုင်ပွဲသည် ကရင်ပြည်နယ်၏ အထင်ကရ သံလွင်မြစ်အတွင်း ပထမဆုံးကျင်းပသည့် ပြိုင်ပွဲဖြစ်ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)