တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သည့် ဌာနအဖွဲ့အစည်းများ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများ စိစစ်ညှိနှိုင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သည့် ဌာနအဖွဲ့အစည်းများ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများ စိစစ်ညှိနှိုင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် တက်ရောက်



MNP  -   ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သည့် ဌာနအဖွဲ့အစည်းများ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများ စိစစ်ညှိနှိုင်းခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က အသုံးစရိတ်များ လျာထားရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာရေးဆွဲရန်လိုအပ်ပါကြောင်း၊ အသုံးစရိတ်တစ်ရပ်ကို ကျခံသုံးစွဲရာတွင်လည်း မြန်မာနိုင်ငံ၏ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းပါအသုံးစရိတ်အတွက်    အခြေခံအချက်အလက်များအတိုင်း သုံးစွဲရမည့်အပြင် အချိန်မီသုံးစွဲနိုင်ရန်လိုပါကြောင်း၊ အမှန်တကယ်လိုအပ်သည့် အသုံးစရိတ်များကိုသာ လျာထားဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ လျာထားရရှိသည့် အသုံးစရိတ်များကိုလည်းစိစစ်၍ ဘဏ္ဍာရေးစည်းမျဉ်း၊စည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲရန်လိုအပ်ပါကြောင်း၊ လျာထားပြီးသည့် စီမံကိန်းပြီးမြောက်အောင် ဆောင်ရွက်ရန်လိုအပ်ပြီး အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊

ရရှိထားသည့် ငွေလုံးငွေရင်းအသုံးစရိတ်အပေါ်မှာ စိစိစစ်စစ်နှင့် တိုင်းဒေသကြီး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသဖွံ့ဖြိုးမှုကို အထောက်အကူပြုပြီး နိုင်ငံတော်၏ ဦးစားပေးမူဝါဒများနှင့်ကိုက်ညီသည့် လုပ်ငန်းစီမံကိန်းသစ်များ၊ လုပ်ငန်းသစ်များကိုသာ ရေးဆွဲတင်ပြကြဖို့မှာကြားလိုပါတယ်။ လျာထားချက်ပါ အသုံးစရိတ်များကို ဘဏ္ဍာရေးနှစ်ကုန်တွင် အပြည့်အဝမသုံးစွဲနိုင်ပါက ပိုလျှံငွေပြန်လည်အပ်နှံရမှာဖြစ်ပါကြောင်း၊ ယင်းသို့အပ်နှံရသည့်အခါ မူလလျာထားသည့်အတိုင်း မသုံးစွဲနိုင်ရင်နိုင်ငံတော်၏မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များအပေါ်ထိခိုက်နိုင်ပါကြောင်း၊ မူလလျာထားချက်နှင့် အမှန်စာရင်းများကွာဟသည့်အတွက် ဌာန၊ အဖွဲ့အစည်းများ၏ ဘတ်ဂျက်လျာထားချက်နှင့် အကောင်အထည်ဖော်မှုအပေါ် ယုံကြည်စိတ်ချရမှုကို ထိခိုက်စေပါကြောင်း၊ ထိရောက်ကောင်းမွန်သော  ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဖြင့်နိုင်ငံတော်က ရည်မှန်းဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို စွမ်းဆောင်ရည်ပြည့်ဝစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အရအသုံးခန့်မှန်းခြေငွေစာရင်းမျာကို ဘဏ္ဍာရေးနှစ်အတွင်း ရရှိနိုင်မယ့်ရငွေနှင့် သုံးစွဲနိုင်မယ့် အသုံးစရိတ်တို့ကိုသာ လျာထားရေးဆွဲကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ခင်ဝင်းရီက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် သာမန်ငွေစာရင်း အရအသုံးဆိုင်ရာများအားလည်းကောင်း၊ တိုင်းဒေသကြီးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးဝင်းလိူင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်များနှင့် ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေနှင့်သက်ဆိုင်သည့် လုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရအသုံးခန့် မှန်းခြေငွေစာရင်းများဆိုင်ရာ လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။                                

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)