တောင်ကုတ်မြို့၌ ဒီဇင်ဘာလနောက်ဆုံးပတ်လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ ဒီဇင်ဘာလနောက်ဆုံးပတ်လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်





MNP -  ဒီဇင်ဘာ ၃၁

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် ဒီဇင်ဘာလ လူထုအားကစား လှုပ်ရှားမှု နောက်ဆုံးပတ်အဖြစ် စုပေါင်းလမ်းလျှောက်ပွဲ ကို ယနေ့နံနက်(၅)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။


လူထုစုပေါင်းလမ်းလျှောက်ပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ က စုရပ်ဖြစ်သော တောင်ကုတ်ကမ်းနားလမ်းရှိ အပန်းဖြေအနားယူ ကြသည့်(We Love Taung goke)ရှုခင်းနေရာမှစတင်၍ ဦးအောင်ဇေယျလမ်းတစ်လျှောက်၊ ၎င်းလမ်း မှ တောင်ကုတ်လမ်း-ပြည်လမ်း ၊ အမ်းလမ်းမကြီး မှ  စည်ပင်လမ်းဆုံ၊  ထိုမှတစ်ဆင့် ဦးဥတ္တမလမ်း ၊လျှပ်စစ်လမ်း ၊တောင်ကုတ်-ပြည်လမ်း၊မေပိုးဝါလမ်းမှတစ်ဆင့် မူလစုရပ်နေရာသို့ တပျော်တပါးစုပေါင်း လျှောက်ကြကာ (We Love Taung goke)ဆိုင်းဘုတ်ရှေ့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်မောင်မယ်များ၏ ကိုယ်လက်လေ့ကျင့်ခန်း အတွဲ(၁)၊ အမှတ်စဉ် (၁)၊အမှတ်စဉ်(၂)၊ အေရိုးဗစ် သရုပ်ပြမှုများနှင့်အတူစုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း များကို ပျော်ပါးစွာပြု လုပ်ခဲ့ကြကြောင်း သိရသည်။


တောင်ကုတ်မြို့နယ်၌ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလအတွင်း အပတ်စဉ် စနေနေ့တိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)