MNP - ဒီဇင်ဘာ ၃၀
ပရီးမီးယားလိပ်ပွဲစဉ်ပွဲစဉ် ၁၈ အဖြစ် သောကြာနေ့(ယနေ့) မြန်မာစံတော်ချိန် နံနက် ၂:၁၅ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ယနေ့ညမှာတော့ ပရီးမီးယားလိပ်ပွဲစဉ် ၂ ပွဲယှဉ်ပြိုင်ကစားဖို့ ရှိနေတာဖြစ်ပါတယ်
ဝက်စ်ဟမ်း - ဘရန်းဖို့စ် (ယနေ့နံနက် ၂:၁၅ )
ဝက်စ်ဟမ်းအသင်းနှင့် ဘရန်းဖို့အသင်းတို့ဟာ လန်ဒန်မြို့ရှိ ဝက်စ်ဟမ်းအသင်းအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။နှစ်သင်းစလုံးဟာ ကစားရခက်တဲ့အသင်းတွေ ဖြစ်ကြပြီး ဒီတစ်ကြိမ်တွေ့ဆုံမှု မှာတော့ ဂိုးနည်းပြီး သရေရလဒ်သာ ထွက်ပေါ်မည်ဖြစ်ကြောင်း ခန့်မှန်းလိုက်ရပါတယ်။
လီဗာပူးလ် - လက်စတာ (ယနေ့နံနက် ၂:၃၀ )
လီဗာပူးလ်အသင်းနှင့် လက်စတာ စီးတီးအသင်းတို့ဟာ လီဗာပူးအိမ်ကွင်း အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာ ပထမရာသီဝက်မှာ အတော်လေးရုန်းကန်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ လီဗာပူးလ် ပြန်လာပါပြီ။ကစားရမှာကလည်း အန်ဖီးလ်ကွင်းဖြစ်တာကြောင့် လီဗာပူးလ်တို့ လက်စတာကို ဂိုးပြတ်နိုင်ပါမယ်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment