MNP - ဒီဇင်ဘာ ၁၉
စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက အေးမြကန်သာရပ်ကွက်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းတွင် ပြုလုပ်သည်။
ဟောပြောပွဲတွင် ကော့သောင်းခရိုင် ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ငယ်ရွယ်သူ အမျိုးသမီးများအကြား စာဖတ်ခြင်းအလေ့အထ ရှင်သန်လာစေရန်နှင့် စာပေမှတဆင့် အသိဉာဏ်အမျှော်အမြင် ကြွယ်ဝလာကာ အမှား၊ အမှန် ဝေဖန်ပိုင်းခြားတပ်လာခြင်း၊ စာဖတ်သူဦးရေ တိုးပွားလာကာ ဗဟုသုတအကြားအမြင် ကျယ်ပြန့်လာ၍ အနာဂါတ်လူငယ်မျိုးဆက်သစ်များ အသက်မွေးဝမ်းကျောင်းပညာအား ဆည်းပူးရင်း ပြင်ပဗဟုသုတဖြစ်ဖွယ်များ လေ့လာသိရှိခွင့်ရကြစေရန်အတွက် စာပေဖတ်ရှုရန် တိုက်တွန်းအသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ သင်တန်းကျောင်းသူများအား စာဖတ်ခြင်း အလေ့အထများဖြစ်ပေါ်လာစေရန်နှင့် စာပေဖတ်ရှုခြင်းအလေ့အကျင့်ကောင်းများ ရှင်သန်ထက်မြစ်လာစေရန်စာဖတ်ဝိုင်းလုပ်ငန်းများကိုဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကျော်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment