ကျိုက်လတ်၌ ဆင်းရဲနွမ်းပါးသည့် မိသားစုဝင်အချို့အား ဆန်နှင့်ဆီများ ပေးဝေလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်လတ်၌ ဆင်းရဲနွမ်းပါးသည့် မိသားစုဝင်အချို့အား ဆန်နှင့်ဆီများ ပေးဝေလှူဒါန်း



MNP - ဒီဇင်ဘာ ၄


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ဆင်းရဲနွမ်းပါးသည့် မိသားစုဝင် အချို့အား ဆန်နှင့်ဆီများ ပေးဝေလှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက အမှတ်(၄)ရပ်ကွက်၊ ၉ ဖြတ်လမ်းနှင့် မက္ကဆွဲလမ်းဒေါင့်ရှိ ရေကြည်တော်လူမှုကူညီရေး အသင်းရုံးတွင် ပြုလုပ်ခဲ့သည်။


ထိုသို့ လှူဒါန်းရာတွင် ကျိုက်လတ်မြို့နယ် ရေကြည်တော် လူမှုကူညီရေးအသင်းနှင့် အလှူရှင်များစုပေါင်း၍ လှူဒါန်းခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်ခုလျှင် ဆန်(၃)ပြည်နှင့် ဆီ(၁)ဘူး ပေးဝေလှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ လှည်းဆိပ်ကျေးရွာမှ ဦးစန်းလွင်+ဒေါ်သိန်းသိန်း (အောင်သုခဆန်စက်) မိသားစုနှင့် အမှတ် (၅)ရပ်ကွက်၊ ၁၂×၁၃ လမ်းမတော်မှ ဦးသန်းထွဋ်+ဒေါ်တင်တင်ယု (သဇင်အောင်)မိသားစု တို့က စတုဒိသာထမင်း၊ ဟင်းများဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။


သတင်း - ဒေါ်ရီရီမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)