ပေါင်မြို့နယ်အတွင်းရှိအ‌ခြေခံပညာကျောင်းများ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်အတွင်းရှိအ‌ခြေခံပညာကျောင်းများ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်





MNP ၊  ဒီဇင်ဘာ ၁၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ က ကျောင်းသား/သူများအား ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့က  အ‌ခြေခံပညာကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့သည်။


ထိုဟောပြောပွဲတွင် ရဲအုပ်အောင်သူရဝင်း၊ရဲအုပ်သန်းဇော်၊ရဲအုပ်ကျော်မောင်ချေတို့က (အလက) သဲဖြူကုန်း၊(အလက)သပြုချောင်၊(အထက)အလှပ်ကျောင်းများ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကျောင်းသား/သူများသိသင့်သည့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကိုသိရှိပြီး လိုက်နာကြစေရေး၊ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေး ဆောင်ရန်/ရှောင်ရန်အချက်များတို့ကို အကျယ်တဝင့် ရှင်းလင်း ဟောပြောရာ ကျောင်းသား/သူများက သိလိုသည်တို့ကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။


အဆိုပါဟောပြောပွဲတွင် အ‌ခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီး နှင့် ဆရာ/ဆရာမများ၊ ‌ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)