ကဝမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြို‌ဆိုသောအားဖြင့် ပေါက်ကုန်းကျေးရွာတွင် လမ်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကဝမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြို‌ဆိုသောအားဖြင့် ပေါက်ကုန်းကျေးရွာတွင် လမ်းဖွင့်ပွဲကျင်းပ





MNP  -  ဒီဇင်ဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပေါက်ကုန်းကျေးရွာတွင် လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါလမ်း၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ပဲခူးခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုမင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ ကျေးလက်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်ရရှိပြီးသော ဖွံ့ဖြိုးမှုအခြေအနေများကို ဆက်လက်ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ ကျေးရွာပြည်သူများ၏ လူမှုစီးပွားနှင့်ကုန်ထုတ်လုပ်မှုလွယ်ကူချောမွေ့ပြီး ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ရေးတို့အတွက် ဒေသခံပြည်သူများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ကျေးရွာပြည်သူများ ကိုယ်စားရမ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


ဆက်လက်၍ ပဲခူးခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးမှူးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ အဆိုပါကျေးရွာတွင်လမ်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ထောက်ပံ့ငွေကျပ် (၁၀)သန်းကျော် ကွန်ကရစ်လမ်းခင်းခြင်းဖြစ်ပြီး၊ အရှည်(၄၂၅)ပေ၊ အကျယ်(၁၂)ပေနှင့် ထု(၆)လက်မရှိကြောင်း သိရသည်။အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ကျေးရွာပြည်သူများစုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)