မြောက်ဦးမြို့၌ တိုက်ပွဲရှောင်စခန်းများသို့ ဆန်ရိက္ခာများထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ တိုက်ပွဲရှောင်စခန်းများသို့ ဆန်ရိက္ခာများထောက်ပံ့ပေးအပ်




MNP ၊ ဒီဇင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြို့ပေါ်ရပ်ကွက်ရှိ မြတန်ဆောင်းတိုက်ပွဲရှောင်စခန်းသို့ လာရောက် ခိုလှုံနေသောပြည်သူများအတွက်  နီပွန်ဖောင်ဒေးရှင်းမှ ဆန်ရိက္ခာများ ထောက်ပံ့ပေး အပ်ပွဲ အခမ်းအနား ကို လက်ကောက်ဈေးရပ်ကွက် မြတန်ဆောင်းတိုက်ပွဲရှောင်စခန်း၌  ယမန်နေ့က ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ နီပွန်ဖောင်ဒေးရှင်းမှ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးမောင်အေးလှိုင်  ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစန်နီနှင့် တာဝန်ရှိသူများ ၊ ဌာနဆိုင်ရာဝန်ထမ်းများက မြောက်ဦးမြို့နယ်အတွင်းရှိ ခိုလှုံရာစ ခန်းဖြစ်သော မြတန်ဆောင်းတိုက်ပွဲရှောင်စခန်း  တွင် လာရောက်ခိုလှုံနေသော စုစုပေါင်းအိမ် ထောင်စု (၂၆၃)စုမှ လူဦးရေ (၁၁၀၆) ဦးတို့အတွက် ဆန်ရိက္ခာ (၁၁၀၆)အိတ် အား အဆိုပါ စခန်း များရှိ ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)