ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ


MNP  -  ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံတာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူထားတဲ့ အစိုးရဝန်ထမ်းပင်စင်စားများအား ပင်စင်လစာငွေများထုတ်ပေးခြင်းကို ဒီဇင်ဘာ ၂၁ ရက်နေ့မှစတင်၍ နံနက် ၈ နာရီအချိန်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ပန်းတနော်မြို့နယ်အတွင်းရှိ ပင်စင်စားများပင်စင်လစာငွေများ လာရောက်ထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် ဒီဇင်ဘာ(၂၁)ရက်မှ (၃၁)ရက်နေ့အထိ နေ့စဉ် နံနက်(၈)နာရီမှ ညနေ(၃)နာရီအတွင်း ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိသည်။ ထိုသို့ ပင်စင်လစာငွေများထုတ်ပေးရာတွင် သက်ကြီးရွယ်အိုတွေကို ဦးစားပေးထုတ်နှံပေးလျက်ရှိပြီး ပန်းတနော်မြို့မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ (၁၀၀၀)ကျော် ခန့်ရှိကြောင်း သိရသည်။


ပြည့်ဖြိုးကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)