မြောက်ဦးခရိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




MNP - ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများမှ လုပ်ငန်းညှိ နှိုင်း အစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ ဝေးခန်းမ၌ ယနေ့ နေ့လယ်၁နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြောက်ဦးခရိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကောင်းမြတ်နိုင် မှ မဲစာရင်းအမှန်ရရှိစေရေးအတွက် တစ်အိမ်တက်တစ်အိမ်ဆင်း၍ သက်ဆိုင် ရာဌာနများမှ ပူးပေါင်းလုပ်ဆောင်ကြရန် စသည်တို့ကို ပြောကြားခဲ့သည်။ 

ထို့နောက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင် မှ လည်း အခြေခံပညာကျောင်းများရှိ အ သက် (၁၂) နှစ် နှင့် (၁၈) နှစ် ကြား ကိုဗစ်-၁၉ ထိုးနှံပြီးသော ကျောင်းသားများကို စာရင်းရေးသွင်း နိုင်ရေးလုပ်ဆောင်ကြရန် တို့ကိုပြောကြားခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးကလည်း ပွင့်လင်းရာသီ တို့ရောက်ရှိလာပြီ ဖြစ်၍ ကျေးရွာများတွင် ပွဲလမ်းသဘင်များ ပြုလုပ်လာမည်ဖြစ်၍ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဇာတ်ပွဲများကျင်းပမည် ဆိုပါက ကြိုတင်သတင်းပေးပို့ရန် လိုအပ်ကြောင်းနှင့် မီးဘေးလုံခြုံရေးအဖွဲ့များဖွဲ့စည်း၍ မီး သတ်ဥပဒေ၊ နည်းဥပဒေနှင့်အညီဖွဲ့စည်းနိုင်ရေး တို့ကိုပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်လူ ဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်လဝကမှူး ကလည်း မဲစာရင်း အမှန်ရရှိနိုင် ရေးအတွက် တစ်အိမ်တက်တစ်အိမ်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့များက အိမ်ထောင်စုစာ ရင်း နှင့် မှတ်ပုံတင် တို့တူညီမှုရှိစေရန် ဂရုတစိုက်လုပ်ဆောင်ရန်တို့ကို ပြောကြားခဲ့ပြီးခရိုင် အဆင့် ဌာနဆိုင်ရာများမှလည်း မိမိတို့ဌာနအလိုက် လိုအပ်သည်များကို ပြောကြားခဲ့ပြီး ခရိုင်စီ မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မှခရိုင်အဆင့်ဌာနဆိုင်ရာများ ၏လုပ်ငန်းများအပေါ် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။

မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)