ရွှေဘိုတက္ကသိုလ်၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုတက္ကသိုလ်၌ လူငယ်စကားဝိုင်းကျင်းပ





MNP -  ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုတက္ကသိုလ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ​ရွှေဘိုတက္ကသိုလ်တို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီချိန် ရတနာသိင်္ဃခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ​ရွှေဘိုတက္ကသိုလ်မှ ပါမောက္ခချုပ်​ဆရာမကြီးဒေါက်တာမျိုးမျိုးက အဖွင့်အမှာစကားပြောကြားပြီး​ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်​ထောက်ညွှန်ကြားရေးမှူး​ ဒေါ်​အေးမြမွန်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများသည် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်လိုအပ်ပါကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့်ပြည့်စုံမှသာ နိုင်ငံ့တာဝန်များကို ဆက်လက်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ အချင်းချင်းရင်နှီးချစ်ခင်မှုများ တိုးပွားလာပြီး ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ ပူး​ပေါင်းပါဝင်​ဆွေး​နွေးတတ်သည့် အ​လေ့အထ​ကောင်းများရရှိ​စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်ပြီး လူငယ်စကားဝိုင်းစတင်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဦးစီးအရာရှိ​ ဒေါ်​အေးမြင့်စန်းက ဦးဆောင်ဆွေးနွေးမည့် ဆရာ၊ ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့နှင့် မိတ်ဆက်​ပေးကာ၊ ဆရာဦးမြင့်​ကျော်က လူငယ်နှင့်အသိပညာ၊  ဆရာဦး​စောလင်း​အောင်က​လူငယ်နှင့်အားကစား၊ ​ကျောင်းသူမခိုင်နွယ်ဦးကလူငယ်နှင့်ယဉ်ကျေးမှု၊ ​ကျောင်းသား​မောင်ဇင်မျိုး​အောင်ကလူငယ်နှင့် စာရိတ္တ၊ ​​မောင်သန့်ဇင်စိုးကလူငယ်နှင့် စာ​ပေ၊ ​မခင်ဇာဦးကလူငယ်နှင့်အတတ်ပညာ၊ အစရှိသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။


ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြသည်။


အဆိုပါစကားဝိုင်းသို့​ ရွှေဘိုတက္ကသိုလ်ပါ​မောက္ခချုပ်ဆရာမကြီး ​ဒေါက်တာမျိုးမျိုး၊ဒုတိယပါ​မောက္ခချုပ်​ဒေါက်တာတင်တင်ရီ၊ ပါ​မောက္ခ၊ ကထိက၊ နည်းပြဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူ စုစု‌‌ပေါင်း (၂၅၀)ဦးခန့် တက်ရောက်ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်​မြောက် စိန်ရတုလွတ်လပ်​ရေး​နေ့အထိမ်းအမှတ် ထုတ်​ဝေသည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်​ဝေ​ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)