မြောင်းမြမြို့တွင် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြောင်းမြမြို့တွင် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားကျင်းပ


40

41

42


MNP  -  ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားကို  ယမန်နေ့ နံနက် ၆:၀၀ အချိန်ကစ၍ မြကန်သာရပ်ကွက်၊ ပိုးကရင်နှစ်ခြင်း ခရစ်ယာန်ကျောင်းဝန်းတွင်  မြောင်းမြမြို့နယ် ကရင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အခမ်းအနား၌ ပထမပိုင်းတွင် ကရင်အမျိုးသား အလံတော်လွှင့်တင် အလေးပြုခြင်း၊ ကရင်အမျိုးသားခေါင်းဆောင်များအား အလေးပြုခြင်းများ ဆောင်ရွက်ပြီး အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပပါသည်။


အခမ်းအနား ဒုတိယပိုင်းတွင် သဘာပတိအဖြစ် ဒေါက်တာ စောကောနေလိ၊ ဒေါက်တာ စောစယ်ထူး၊ ဆရာစောလက်စလီရွှေတို့က ဆောင်ရွက်ပြီး ဒေါက်တာစောကောနေလိ (သတ္တမနေ့ ဥပုသ်အသင်း)က    အဖွင့်အမှာစကား ပြောကြားပါသည်။


ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သော သဝဏ်လွှာများကို မြောင်းမြမြို့ ကရင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း တွဲဖက်အတွင်းရေးမှူး မန်းသောင်းမြက ဖတ်ကြားပါသည်။ ထို့နောက် နှစ်သစ်နှုတ်ခွန်းဆက်စကားကို ဘာသာရေး အသင်းအဖွဲ့ခေါင်းဆောင်များ ကိုယ်စားကတ်သလစ်သာသနာဘုန်းတော်ကြီး FATHER WILLFRED မန်းမြင့်စိုးက ပြောကြားပြီး၊   မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက နှစ်သစ်နှုတ်ခွန်းဆက်စကား ဆက်လက်ပြောကြားပါသည်။  ထို့နောက်  ကရင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုတာဝန်ခံ ဖီရိုးဒါထွန်းက ကရင်နှစ်သစ်ကူးနေ့နှင့် အမျိုးသားရေးတာဝန်များ အကြောင်းအရာများကို ဟောပြောပါသည်။


ဆက်လက်ပြီး အသက် (၈၀) နှစ်နှင့်အထက် အသင်းနာယကကြီး အဘိုး (၄)ဦးတို့အား ကန်တော့လက်ဆောင်များ ပေးအပ်ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပါသည်။ မြောင်းမြမြို့နယ် ကရင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ မန်းသိန်းကျော်က ကျေးဇူးတင်စကားပြောကြားပြီနောက် တက်ရောက်လာသူများအားလုံးက ကရင်အမျိုးသားသီချင်း သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး တက်ရောက်လာသူများအား ကောက်ညှင်းပေါင်း၊ ဆီထမင်းတို့ဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားကို မြောင်းမြခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ကရင်တိုင်းရင်းသားအသင်းအဖွဲ့တာဝန်ရှိသူများ၊ ကရင်တိုင်းရင်းသား ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။


မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်ပေါ်တွင်လည်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားစွာ  ကျင်းပပြုလုပ်ခဲ့ပြီး မြောင်းမြခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်ရောက်ပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့်  ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages