နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးတက်ရောက်


MNP -  ဒီဇင်ဘာ ၂၉

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ရန်၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စိစစ်ခွင့်ပြုပေးနိုင်ရေး၊ ခွင့်ပြုပြီးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ရေး အားပေးကူညီဆောင်ရွက်ရန်၊ ခွင့်ပြုပြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကြီးကြပ်နိုင်ရေးတို့အတွက် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများအနေဖြင့် ကျရာကဏ္ဍက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ခွင့်ပြုပြီးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာလည်ပတ်ဆောင်ရွက်နိုင်စေရေး၊ ရှိပြီးလုပ်ငန်းများထပ်မံတိုးချဲ့ ဆောင်ရွက်လာစေရေး၊ ရင်းနှီးမြှုပ်နှံသူများကြုံတွေ့ရသည့် အခက်အခဲများအပေါ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပေါင်းစပ်ညှိနှိုင်းကူညီဆောင်ရွက်ပေးခြင်း၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၊ အတွင်းရေးမှူး၊ နေပြည်တော်ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ရရှိထားသည့် Golden Sunland Co., Ltd. (ဆန်စပါးကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်း)၏ လုပ်ငန်းတည်ဆောက်ရေးကာလတိုးမြှင့်ခြင်းအတွက် အတည်ပြုမိန့်ပြင်ဆင် ထုတ်ပေးနိုင်ရေးနှင့် WE UNITY LTD ၏ အခြေခံပညာရေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ သဘောထားမှတ်ချက်ပြန်ကြားနိုင်ရေးကိစ္စရပ်များ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသည့် Golden Sunland Co., Ltd. (ဆန်စပါးကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်း) နှင့် Join Global Myanmar Co., Ltd. (ကြက်ဥ၊ မျိုးကြက်ခြံနှင့် ကြက်သားပေါက် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း) တို့၏ လုပ်ငန်းမြေနေရာ အခြားနည်းအသုံးပြုခွင့်ရရှိနိုင်ရေး တင်ပြလာခြင်းနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို အသေးစိတ်ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးကြသည်။


ယင်းနောက် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)