၂၀၂၂ ခုနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းတက်ရောက်

 


MNP - ဒီဇင်ဘာ   ၈                                       


မွန်ပြည်နယ်တွင် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့်  အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။




ရှေးဦးစွာ ပြိုင်ပွဲဝင်ဘောလုံးအသင်းများမှ အားကစားကွင်းအတွင်းသို့ နေရာယူပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်လျက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနည်းအလိုက် ပြိုင်ပွဲများကျင်းပခြင်း  အားကစားသင်တန်းများဖွင့်လှစ်ပေးခြင်း၊ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်စေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘောလုံးအားကစားနည်းသည် လူအများကြိုက်နှစ်သက်သည့်နှင့်အညီ ပြိုင်ပွဲများကျင်းပပြုပေးခြင်းဖြင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာပြီး  မျိုးဆက်သစ်လက်ရွေးစင်အားကစားသမားများကို မွေးထုတ်ပေးနိုင်မှာဖြစ်ကြောင်း၊ ဌာနပေါင်းစုံဘောလုံးပြိုင်ပွဲကို အားကစားသမားအရည်အချင်းနှင့် နေရာဒေသကန့်သတ်ချက် မရှိပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားသည့်အတွက် ဘောလုံးပြိုင်ပွဲများအနက် အဆင့်မြင့်သည့်ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေနဲ့ ကောင်းမွန်တဲ့ ယှဉ်ပြိုင်ခြင်း၊ သန့်ရှင်းစွာကစားခြင်း၊ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီကြခြင်းဖြင့် ဘောလုံးအားကစားရဲ့ အနှစ်သာရကို ပေါ်လွင်အောင်ယှဉ်ပြိုင်ကစားကြရန်နှင့် နိုင်ငံတော်မှ အားထားရတဲ့ဘောလုံး အားကစားသမားကောင်းများဖြစ်အောင်ကြိုးစား ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းပြောကြားကာ ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ 


ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွက်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြကာ အဖွင့်ပွဲစဉ်အဖြစ်ထွေအုပ်ဘောလုံးအသင်းနှင့် လမ်းပန်းဆယ်သွယ်ရေး ဘောလုံးအသင်းတို့ ယဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကာ ၂၀၂၂ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၆)သင်းဖြင့် ဒီဇင်ဘာလ(၇)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)