ငဖဲမြို့နယ် တောင်ပေါ်ဒေသ ကျေးရွာများ၌ ဘိန်းစိုက်ခင်း ၂ ဧကခန့်အား ဆက်လက်၍ ဝိုင်းဝန်းဖျက်ဆီးပြီး ဘိန်းစိုက်ပျိုးမှုလျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြော - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ငဖဲမြို့နယ် တောင်ပေါ်ဒေသ ကျေးရွာများ၌ ဘိန်းစိုက်ခင်း ၂ ဧကခန့်အား ဆက်လက်၍ ဝိုင်းဝန်းဖျက်ဆီးပြီး ဘိန်းစိုက်ပျိုးမှုလျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြော

130

131

132


MNP  -   ဒီဇင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ကပစ(၁၄)မှ စစ်ကြောင်းမှူးဗိုလ်မှူးအောင်သူ ဦးစီးသောအဖွဲ့နှင့် ငဖဲမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူးဒုရဲမှူးဇော်ဝင်း ဦးစီးသော ပူးပေါင်း စစ်ကြောင်းအဖွဲ့(၂)သည် ယမန်နေ့ နံနက်ပိုင်းတွင် မင်းလွင်ကျေးရွာအုပ်စု ဘို့ကျေးရွာသို့ ရောက်ရှိပြီး  ကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ တောင်စောင်းတွင် စိုက်ပျိုးထားသော ဘိန်းပင်သီးပွင့်ဆဲ အမြင့် ၂ ပေခန့်ရှိ ဘိန်းခင်း ၁ဧကခန့် နှင့် သစ်ဆိမ့်ပင်ကျေးရွာ၏ တောင်ဘက် ၁မိုင်ခန့်အကွာ တောင်စောင်း တွင်စိုက်ပျိုးထားသော ဘိန်းပင်သီးပွင့်ဆဲ အမြင့် ၃ပေခန့်ရှိ ဘိန်းခင်း ၁ဧကခန့် စုစုပေါင်း ဘိန်းခင်း ၂ ဧကခန့်ကို ရှာဖွေတွေ့ရှိ၍ ဝိုင်းဝန်းပူးပေါင်းဖျက်ဆီးခဲ့ကြကြောင်း သိရသည်။


ထို့နောက် ညနေပိုင်းတွင် ဘို့ကျေးရွာဘုန်းတော်ကြီးကျောင်း၌ အဖွဲ့(၂)စစ်ကြောင်းမှူး ကပစ (၁၄)မှ ဗိုလ်မှူးအောင်သူက နယ်မြေလုံခြုံရေးဆိုင်ရာများ၊ မယတပ်စု(၁၅)မှ ဒုရဲအုပ်အောင်ကျော်ထွေးက မူးယစ်ဆေးဝါးပပျောက်ရေး၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောခေါင်း ဦးတိုးဝေလှိုင်က သစ်တောပြုန်းတီးမှုမရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ငဖဲမြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူး ဒုရဲမှူးဇော်ဝင်းက မှုခင်းလျော့နည်းကျဆင်းရေးနှင့် ဘိန်းစိုက်ပျိုးမှုမပြုရန်၊ ဘိန်းစိုက်ပျိုးပါက ဉပဒေနှင့်အညီအရေးယူခံရနိုင်ကြောင်း၊ ဘိန်းအစား အခြားဝင်ငွေကောင်းသည့် အစားထိုးသီးနှံများ စိုက်ပျိုးရန်နှင့် ဘိန်းမျိုးစေ့များရှိပါက အပ်နှံပေးရန်တို့ကို ဘို့ကျေးရွာမှ တောင်သူများအား အသိပညာ ပေးဟောပြောခဲ့ကြကြောင်း သိရသည်။


မယု

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages