ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသ




MNP   -    ဒီဇင်ဘာ ၁၈

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  အမှတ်(၁၀) နယ်ခြားစောင့် ရဲတပ်ဖွဲ့(ခွဲ)၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း နှင့် မီးငြိမ်သတ်ရေး သရုပ်ပြသခြင်းကို မီးသတ် တပ်ဖွဲ့ဝင် များက  ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။ 

ထို့သို့ ဆောင်ရွက်ရာတွင်   လှဖိုခေါင်ယာယီကြားစခန်း ၊ မီးသတ်စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသိန်းထွန်းအောင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက နေအိမ်လိုင်းခန်းများတွင် နေထိုင်ကြသော တပ်ဖွဲ့ဝင် မိသားစုများ အနေဖြင့် မီးဘေး အန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံး မှုမရှိ စေ ရေး အ တွက်  မီးကို  စနစ်တကျ အသုံးပြုစေရေး ၊  လျှပ်စစ်မီးအသုံးပြုသူ မိဘ ပြည်သူများ အနေဖြင့် မိမိတို့ နေအိမ် များရှိ လျှပ် စစ် ဝါယာ ကြိုးများ ပေါက်ပြဲမှုရှိမရှိ ၊ လျှပ်စစ်ဝါယာကြိုးများ ၊ မီးပလက် ပေါက်များ ဟောင်းနွမ်းနေ ပါက လည်း သက် ဆိုင်ရာ လျှပ်စစ်ဝန်ထမ်း များ ဖြင့် လဲ လှယ်တပ်ဆင် အသုံး ပြုစေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက် ပြုတ်သူများ အနေ ဖြင့် မီး ကြွင်း၊ မီးကျန် များကို စနစ် တကျ မီးငြိမ်းသတ်စေရန် နှင့် နေအိမ်လိုင်းခန်းများတွင်လည်း မီးသတ်ဆေးဘူး၊ မီး သတ် ရေပုံ များ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ရေ ကန် များ၌ ရေများ ဖြည့်တင်းကာ အသင့် ထားရှိရန် လိုအပ် ကြောင်း စသည့်တို့အား အသိပညာပေးဟောပြောပြီး မီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်လိုင်းခန်းများတွင် နေထိုင်ကြသော တပ်ဖွဲ့ဝင်များ နှင့် ၎င်းတို့၏ မိသား စု များအား  ရှေးဦးမီးသတ်ဆေးဘူး ၊ အဝတ်စိုဖြင့် မီးငြိမ်းသတ်ခြင်း ၊ ရေပိုက်ကိုင် ဆောင်ကာ မီးငြိမ်းသတ်ပုံများ ၊ မီးငြိမ်းသတ်ပုံနည်းစနစ်များ စသည့်တို့ကို လက်တွေ့ လေ့ကျင့်စေခြင်း များအား ဆောင် ရွက်စေခဲ့ကြကြောင်းသိရသည်။ 

အောင်ကျော်စိန်၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)